Social Icons

Pages

Tuesday, May 23, 2017

အထူးဇာထိုးပန်းထိုးနှင့် စက်ချုပ်သင်တန်းဖွင့်လှစ်


ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် သက်ပုံသင်တန်းသူများ၏ ဇာထိုးပန်းထိုး ပညာရပ်များ လေ့ကျင့်သင်ကြားနေမှုကို ကြည့်ရှုအားပေးစဉ်။


နေပြည်တော် ၂၃-၅-၂၀၁၇

နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်း စစ်ဌာနချုပ်တို့မှ ပူးပေါင်းဖွင့်လှစ်သည့် အထူးဇာထိုးပန်းထိုးနှင့် စက်ချုပ်သင်တန်း အမှတ်စဉ် (၁/၂ဝ၁၇) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အနော်ရထာခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ်သက်ပုံနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားပြီး တိုင်းစစ်ဌာနချုပ်ရှိ မင်္ဂလာသီရိ ခန်းမ၌ သင်တန်းသူများ၏ ဇာထိုးပန်းထိုး ပညာရပ်များလေ့ကျင့် သင်ကြားနေမှုများကို လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အဆိုပါသင်တန်းများကို သင်တန်းသူ ၈ဝ ဦးဖြင့် သြဂုတ် ၄ ရက်အထိ ဖွင့်လှစ် သင်ကြားသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...