Social Icons

Pages

Thursday, June 1, 2017

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဆိုင်ကလုန်းမုန်တိုင်းမိုရာ၏ အရှိန်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် စစ်တွေတပ်နယ်၊ ဘူးသီးတောင်တပ်နယ် တို့အား သွားရောက်ကြည့်ရှုစစ်ဆေး


ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း
 လေဘေးသင့်ဝန်ထမ်းမိသားစုများအတွက် စားသောက်ဖွယ်ရာများပေးအပ်စဉ်။ 
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း 
စစ်တွေမြို့၊ ကျေးတောပိုက်ဆိပ်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ (ကျေးတော-ခ)၌ 
စာသင်ဆောင်များပျက်စီးမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးစဉ်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း
 နယ်မြေခံတပ်အတွင်း ပျက်စီးဆုံးရှုံးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးစဉ်။


တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်းသည့်ထောက်ပံ့ပစ္စည်းများအား 
တပ်မတော်လေယာဉ်ဖြင့် စစ်တွေမြို့သို့ပို့ဆောင်ပေးစဉ်။

နေပြည်တော် ၁-၆-၂၀၁၇

ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူတို့လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း မိုရာ၏ အရှိန်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်းရှိ တပ်နယ်များသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့သို့ ရောက်ရှိကြရာ လေဆိပ်ခန်းမ၌ တိုင်းမှူးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက ပျက်စီးဆုံးရှုံးမှု အခြေအနေများ နှင့်ပြန်လည်ပြုပြင် တည်ဆောက်ပေးမည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က လိုအပ်သည်များကို ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ပေးသည်။

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့အတွင်း ပျက်စီးဆုံးရှုံးမှု အခြေအနေများအား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်အဖွဲ့ဝင်များသည် စစ်တွေမြို့၊ ကျေးတောပိုက်ဆိပ်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ (ကျေးတော-ခ) သို့ သွားရောက်၍ ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံတွေ့ဆုံအားပေးစကား ပြောကြားပြီး မုန်တိုင်း၏ အရှိန်ကြောင့် အမိုးများလန်ကျကာ ပျက်စီးလျက်ရှိသည့် စာသင်ဆောင်ကို အမြန်ဆုံးပြန်လည် ပြုပြင်နိုင်ရေး ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်ပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် စစ်တွေတပ်နယ်၌ လုံခြုံရေးရဲ ကွပ်ကဲမှုအဖွဲ့မှူးရုံးနှင့် တပ်ရင်း/တပ်ဖွဲ့များ အတွင်းရှိ အုပ်ချုပ်မှု အဆောက်အဦများ၊ ရိပ်သာများ၊ အိမ်ထောင်သည် လိုင်းခန်းများ၏ ပျက်စီးဆုံးရှုံးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး အမြန်ဆုံးပြန်လည်ပြုပြင် နိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

၎င်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် ဘူးသီးတောင်တပ်နယ်သို့ ရောက်ရှိကြရာ နယ်မြေခံရိပ်သာ၌ တပ်နယ်မှူးက မုန်တိုင်းအရှိန်ကြောင့် ဖြစ်ပွားခဲ့သည့် ပျက်စီးဆုံးရှုံးခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး တပ်နယ်အတွင်း ပျက်စီးမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကာ လေဘေးသင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီး လိုက်လံအားပေးစကား ပြောကြားသည်။

ဆက်လက်ပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်အဖွဲ့ဝင်များသည် စစ်တွေမြို့အတွင်းရှိ မုန်တိုင်းအရှိန်ကြောင့် လဲကျပျက်စီးကာ လမ်းပိတ်ဆို့နေသည့် သစ်ပင်သစ်ကိုင်းများအား တပ်နယ်မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက အချောသတ်ဖယ်ရှား ရှင်းလင်းနေမှုများကို လိုက်လံကြည့်ရှုအားပေးပြီး ၎င်းတို့အတွက် ဂုဏ်ပြုချီးမြင့်ငွေများ ပေးအပ်သည်။

ယနေ့တွင် တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများက လေဘေးသင့် ဒေသများအတွက် လှူဒါန်းသည့် ထောက်ပံ့ပစ္စည်းများအား တပ်မတော်လေယာဉ်ဖြင့် စစ်တွေမြို့သို့ ပို့ဆောင်ခဲ့သည်။ ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့ညနေ ၆ နာရီခန့်တွင် စစ်တွေလေဆိပ်၌ လေဘေးသင့် တပ်မတော်သားများနှင့် ၀န်ထမ်းမိသားစု များအတွက် စားသောက် ဖွယ်ရာများနှင့် အိမ်မိုးသွပ်များကိုပေးအပ်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...