Social Icons

Pages

Friday, May 19, 2017

ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်ကို ယူနက်စကို၏ ကမ္ဘာ့ရှေးဟောင်း သဘာဝအမွေအနှစ် အဖြစ်အကဲဖြတ်နိုင်ရန် ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် အဆိုပြုလွှာတင်သွင်းမည်



ရန်ကုန် ၁၉-၅-၂၀၁၇

ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်ကို ယူနက်စကို၏ ကမ္ဘာ့ရှေးဟောင်း သဘာဝ အမွေအနှစ်အဖြစ် အကဲဖြတ်နိုင်ရန် ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် အဆိုပြုလွှာ တင်သွင်းသွားမည် ဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင် သားငှက်ထိန်းသိမ်းရေး အဖွဲ့မှသိရသည်။

ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် အပါအဝင် ဘေးမဲ့တောခုနစ်ခုအား သဘာဝအမွေအနှစ် အဖြစ်သတ်မှတ်ရန် အမည်စာရင်း တင်သွင်းမှုကို ယူနက်စကိုက ၂ဝ၁၄ ခုနှစ်တွင် ခွင့်ပြုခဲ့ပြီး သတ်မှတ်ထား သည့်စံနှုန်း များနှင့် ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးရန် ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလ လယ်ခန့်က ပညာရှင်များက ကွင်းဆင်းလေ့လာ ခဲ့ကြသည်။

ယူနက်စကိုသို့ တင်သွင်းထားသော အမျိုးသားဥယျာဉ်နှင့် ဘေးမဲ့တောများမှာ ခါကာဘိုရာဇီ၊ ဟူးကောင်း (တနိုင်း) ချောင်းဖျား ချိုင့်ဝှမ်းလွင်ပြင်၊ နတ်မတောင်၊ အင်းတော်ကြီးကန်၊ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး နယ်မြေ၊ လန်ပိအဏ္ဏဝါကျွန်း၊ တနင်္သာရီ အမျိုးသားဥယျာဉ်နှင့် ဆက်စပ်သစ်တော တို့ဖြစ်သည်။

ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်သည် ဇီဝမျိုးစုံမျိုးကွဲ စုံလင်သည့် နယ်မြေတစ်ခုအဖြစ် ထူးခြားအရေး ပါသောကြောင့် သဘာဝ အမွေအနှစ်အဖြစ် တင်သွင်းရန် စီစဉ်ရခြင်း ဖြစ်ပြီး ကမ္ဘာ့တောရိုင်း တိရစ္ဆာန်ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့၏ ထုတ်ပြန်ချက်အရ ကမ္ဘာ့ပေါ်၌ အကောင်ရေ ၃ဝဝ ခန့်သာ ကျန်တော့သည့် နှာခေါင်းလန်မျောက်မျိုး စိတ်နှင့် အကောင်ရေ ၁ဝဝဝဝ အောက်သာရှိတော့သည့် ပန်ဒါနီမျိုးစိတ်များ ကျက်စားရာဒေသဖြစ်သည်။

ထို့ပြင် မျိုးသုဉ်းပျောက်ကွယ် လုနီးပါးဖြစ်နေသော သစ်ခွနက်၊ ကျားမင်းသားနှင့် ပန်းသက်ရှည် ပင်များပေါက်ရောက်ရာ ဒေသဖြစ်သည်။ ယူနက်စကို၏ ကမ္ဘာ့ရှေးဟောင်း သဘာဝ အမွေအနှစ်အဖြစ် သတ်မှတ်ခံရခြင်းဖြင့် ထိန်းသိမ်းစောင့်ရှောက်မှု လုပ်ငန်းများကို ယခုထက် ပိုမိုလုပ်ဆောင် နိုင်မည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...