သိမ်းဆည်းရမိ စိတ်ကြွရူးသွပ် ဆေးပြားများကို တွေ့ရစဉ်။
နေပြည်တော် ၂၅-၅-၂၀၁၇
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အတွင်းနယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းသည် မေ ၂၄ရက်နံနက် ၉ နာရီခန့်တွင် မောင်တောမြို့၏ အနောက်ဘက် မီတာ ၂၅ဝဝခန့်အကွာ၌ မသင်္ကာဖွယ် ပိုင်ရှင်မဲ့အထုပ် တစ်ထုပ်ကို တွေ့ရှိသဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ဖွင့်ဖောက်စစ်ဆေးရာ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၇ဝဝဝဝ (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း၃၄ဝဝခန့်) ကို တွေ့ရှိခဲ့သည်။
အဆိုပါသိမ်းဆည်းရမိ စိတ်ကြွရူးသွပ် ဆေးပြားများကို အမှတ် (၄၆) မူးယစ်တပ်ဖွဲ့စု (မောင်တော) မှ တာဝန်ရှိသူများထံသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
#Themyawadydaily


No comments:
Post a Comment