Social Icons

Pages

Tuesday, May 9, 2017

အ၀ါရောင်မျိုးဆက်သစ်လူငယ် ပရဟိတအသင်းသို့ အိမ်ဆောက်ပစ္စည်းနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း


ဆရာတော်ထံ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝင်းဗိုလ်ရှိန်က အိမ်မိုးသွပ်များ လှူဒါန်းစဉ်။

နေပြည်တော် ၉-၅-၂၀၁၇

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မင်းကန်ကျေးရွာအုပ်စု၊ တောစုကျေးရွာရှိ အဝါရောင်မျိုးဆက်သစ် လူငယ်ပရဟိတ အသင်းသို့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် မိသားစုများက အိမ်ဆောက်ပစ္စည်းများနှင့်
စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဝင်းဗိုလ်ရှိန်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာတိုင်းမှူးက အသင်းကြီး၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဣဿရိယထံသို့ ကျောင်းသူများနေထိုင်ရန် အိပ်ဆောင်သစ် ဆောက်လုပ်ရန်အတွက် အိမ်မိုးသွပ်၂ဝဝ ချပ်၊ ဘိလပ်မြေ ၁၅ဝ အိတ်နှင့် အသင်းကြီးအတွက် စားသောက်ဖွယ်ရာများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ဆရာတော်က အသင်းကြီးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လှူဒါန်းမှုအတွက် ကျေးဇူးတင်စကား ပြန်လည်ပြော ကြားသည်။ ဆက်လက်၍ တိုင်းမှူးနှင့်အဖွဲ့ဝင် များသည် စာသင်ကြား လျက်ရှိသော
ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ အားပေးစကား ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...