တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်ကျော် လေကြောင်းလူငယ်အခြေခံသင်တန်း ဖွင့်လှစ်သင်ကြားနေမှုကို ကြည့်ရှုအားပေးစဉ်။
နေပြည်တော် ၉-၅-၂၀၁၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ ဖွင့်လှစ်သင်ကြား လျက်ရှိသော လေကြောင်းလူငယ် အခြေခံသင်တန်း အမှတ်စဉ် (၁/၂ဝ၁၇) ရှိ သင်တန်းသား၊ သင်တန်းသူများအား စာတွေ့၊လက်တွေ့သင်ကြား ပို့ချနေမှုများကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်ကျော်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက် ပေးသည်။
အဆိုပါ လေကြောင်းလူငယ် အခြေခံ သင်တန်းကို သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၄ဝ ဦးဖြင့် ဧပြီ ၂၄ ရက်မှ မေ ၁၉ ရက်အထိ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။
#Themyawadydaily


No comments:
Post a Comment