Social Icons

Pages

Tuesday, May 23, 2017

မိတ္ထီလာမြောက်ကန်အတွင်း ကြာဖြူပန်းအများအပြား ပွင့်ဖူးနေသဖြင့် လာရောက်ကြည့် ရှုသူများဖြင့် နေ့စဉ်စည်ကားလျက်ရှိ



မိထ္ထီလာ ၂၃-၅-၂၀၁၇

မိတ္ထီလာမြို့ ဝန်ဇင်းရပ်ကွက် အနောက်ဘက် မလှမ်းမကမ်းတွင် တည်ရှိသည့် မိတ္ထီလာမြောက်ကန်အတွင်း ကြာဖြူပန်းအများအပြား ပွင့်ဖူးနေသည့် ကြာတောနေရာသို့ လာရောက်ကြည့်ရှု သူများဖြင့် နေ့စဉ်စည်ကား လျက်ရှိကြောင်း သိရသည်။

''မိတ္ထီလာမြို့ပေါ် ရပ်ကွက်တွေနဲ့ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေ အများဆုံး လာရောက်ပြီး ကြာတောထဲမှာ လှေစီးရင်း ကြာပန်းခူးကြတယ်။ တချို့ ကတော့ စုံတွဲတွေ၊ တချို့ကတော့ သူငယ်ချင်းတွေ အတူတူလှေစီးပြီး ကြာပန်းခူးကြတယ်။

လှေစီးတဲ့သူတစ်ယောက်ကို ငွေကျပ် ၁ဝဝဝ တောင်းတယ်။ မိသားစု အသက်မွေးဝမ်းကျောင်း အတွက်ငါးဖမ်းတဲ့ လှေသမားတွေက အပိုဝင်ငွေရအောင် လှေလှော်ပြီး ကြာတောထဲ ပို့ပေးတာပါ။ အရင်တုန်းက ကြာပန်းတွေ ဒီလောက် အများကြီး မပေါက်ဘူး။ ကန်ထဲမှာ ကြာပေါက်ပေမယ့် ဒီလောက်အများကြီး မဟုတ်တော့ လူသိနည်းခဲ့တယ်''ဟု ကြာတော၏ အနောက်ဘက်ရှိ ကုလားမကျွန်းကျေးရွာမှ ဒေသခံတစ်ဦးက ပြောပြသည်။

မိတ္ထီလာမြောက်ကန်အတွင်း ကြာဖြူပန်း ပေါက်ရောက်သည့် ကြာတောနေရာသို့ လည်ပတ်သူ အများစုမှာ လူငယ်လူရွယ်များ ဖြစ်ပြီးမှတ်တမ်းဓာတ်ပုံ ရိုက်ကူးသူ၊ မင်္ဂလာဆောင် အကြိုမှတ်တမ်း ဓာတ်ပုံရိုက်ကူးသူ၊ မော်ဒယ်အလှဓာတ်ပုံရိုက်ကူး သူများလည်းလာ ရောက်ရိုက်ကူး လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...