Social Icons

Pages

Friday, May 26, 2017

ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာကျေးရွာအနီးရှိ နမ့်မော်ချောင်းကူးတံတားအား အကြမ်းဖက်သောင်းကျန်းသူးများက မိုင်းဖောက်ခွဲ ဖျက်ဆီး


အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မိုင်းဖောက်ခွဲဖျက်ဆီးခဲ့သည့် သံဘေလီ (သစ်သားကြမ်းခင်း)
 တံတားကို တွေ့ရစဉ်။



နေပြည်တော် ၂၆-၅-၂၀၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာ၏ အနောက်ဘက် ၃ မိုင်ခန့်အကွာရှိ နမ့်မော်ချောင်းကူး တံတားအား ယနေ့နံနက် ၇ နာရီခွဲခန့်တွင် အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့မှ မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သတင်းအရ တပ်မတော်စစ်ကြောင်းက နံနက် ၁ဝ နာရီခွဲခန့်တွင် သွားရောက်ရှင်းလင်းရာ အလျား ပေ ၅ဝ၊ အကျယ် ၁၈ ပေခန့်ရှိ သံဘေလီ (သစ်သားကြမ်းခင်း) တံတားအား ဒေသန္တရလက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီး ခဲ့ကြောင်း တွေ့ရှိရသည်။

မိုင်းပေါက်ကွဲမှုကြောင့် တံတားအောက်ခြေအတွင်း သံပေါင်ခြောက်လက်မ ခန့်ပျက်စီးပြီး တံတားအပေါ် အပြင်သံပေါင် ၂ ပေခန့်ကွာဟကာ တံတားကြမ်းခင်း ၁ ပေခန့် ပေါက်ပြဲပျက်စီးခဲ့ရာ အဆိုပါနေရာတစ်ဝိုက်၌ တပ်မတော် စစ်ကြောင်းက နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...