Social Icons

Pages

Friday, May 26, 2017

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား ကုလသမဂ္ဂနိုင်ငံရေးရာဌာနမှ လက်ထောက်အတွင်းရေးမှူးချုပ် လာရောက်တွေ့ဆုံ


နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် ကုလသမဂ္ဂ နိုင်ငံရေးရာဌာနမှ လက်ထောက် အတွင်းရေးမှူးချုပ် Mr. Miroslav Jenca တို့တွေ့ဆုံဆွေးနွေးစဉ်။

နေပြည်တော် ၂၆-၅-၂၀၁၇

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်အားကုလသမဂ္ဂ နိုင်ငံရေးရာဌာနမှ လက်ထောက် အတွင်းရေးမှူးချုပ် Mr. Miroslav Jenca သည် ယနေ့နံနက် ၁၁ နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

တွေ့ဆုံစဉ် ကုလသမဂ္ဂအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး ဆောင်ရွက်မှုများတွင် ဆက်လက်ပံ့ပိုး ဆောင်ရွက်သွားနိုင်မည့် ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်း နှစ်ဖက်လူ့ အဖွဲ့အစည်း ရေရှည်သဟဇာတ ဖြစ်စွာနေထိုင်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ နိုင်ငံတော်အစိုးရက ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးတို့အတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးကျင်းပနေမှု အခြေအနေများ၊ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး ကုလသမဂ္ဂ အဖွဲ့အစည်းများ၊NGO,INGOs နှင့်ပူးပေါင်း၍ ပိုမိုတိုးမြှင့်ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...