Social Icons

Pages

Monday, May 22, 2017

နေပြည်တော် တိုင်းစစ်ဌာနချုပ်၏ (၁၁)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပြုလုပ်


နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြင့်မော် ဆုရရှိသူတစ်ဦးအား ဆုပေးအပ်စဉ်။

နေပြည်တော် ၂၂-၅-၂၀၁၇

နေပြည်တော်တိုင်း စစ်ဌာနချုပ်၏ (၁၁) နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ယနေ့နံနက်ပိုင်းတွင် ရန်အောင်မြင်ဓမ္မာရုံ၌ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ် ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တဝိမလဗုဒ္ဓိ အမှူးပြုသော သံဃာတော်များအား တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများက အရုဏ်ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် စစ်ရေးပြအား အစီအစဉ်အတိုင်း ပြုလုပ်ကြသည်။ ဆက်လက်၍ တိုင်းစစ်ဌာနချုပ် အောင်ငြိမ်းအေးခန်းမ၌ တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်ဆုပေးပွဲ ကိုပြုလုပ်ရာ စစ်သည်ခံနိုင်ရည် စံနှုန်းပြိုင်ပွဲများနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများ၊ ရဲမေစစ်ရေးစွမ်းရည် ပြိုင်ပွဲများနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသည့်အသင်းများ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသူများ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစား ပြိုင်ပွဲများတွင် ဆုရရှိသူများ၊ သင်တန်းများတွင် ထူးချွန်ဆုရရှိသူများ၊ စစ်သည်တော် ကျင့်ဝတ်ပြိုင်ပွဲတွင် ဆုရရှိသူများ၊ စစ်မှုထမ်း ကောင်းတံဆိပ် ချီးမြှင့်ခံရသူများနှင့် အိမ်ထောင်သည် လိုင်းခန်းသန့်ရှင်းရေး ဆုရရှိသူများ၊ စွမ်းရည်သုံးရပ် အကောင်းဆုံး ဆုရရှိသည့် တပ်များအား ဆုများအသီးသီး ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...