Social Icons

Pages

Monday, May 22, 2017

လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် နေရာများအား ကူညီဆောင်ရွက်


အနောက်တောင်တိုင်း စစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများက လေပြင်းတိုက် ခတ်မှုကြာင့် ကျိုးကျနေသောသစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းပေးစဉ်။

နေပြည်တော် ၂၂-၅-၂၀၁၇

ဧရာဝတီတိုင်း ဒေသကြီးအတွင်း မေ ၂ဝ ရက်ညပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ ဟင်္သာတမြို့၊ အေးမြသာယာရပ်ကွက်၊ လယ်တီကွင်းရပ်ကွက်နှင့် ဟင်္သာတမြို့နယ် အတွင်းရှိ ကိုင်းချောင်းကျေးရွာ၊ နန်းတော်ကျွန်းကျေးရွာ၊ အညာစုကျေးရွာ၊ ပဲကြီးကျွန်းကျေးရွာ၊ ကဣိုလ်စုကျေးရွာနှင့် အိမ်ပျက်ကျေးရွာများတွင် နေအိမ် ၂ဝ လုံး ပြိုကျ ပျက်စီးခြင်း၊ နေအိမ် ၂၃၃ လုံးနှင့် ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်းတို့အမိုးလန် ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ပြီး လူနှင့်တရိစ္ဆာန် များထိခိုက်ဒဏ်ရာရ ရှိမှုမရှိကြောင်း သိရှိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းများအား သန့်ရှင်းရေးဆောင်ရွက်ပေးခြင်း၊ ကျိုးကျနေသော သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်း ပေးခြင်း၊ ပစ္စည်းများရွှေ့ပြောင်းပေးခြင်း၊ပျက်စီးသွားသော နေအိမ်များမှ မိသားစုဝင်များအား နီးစပ်ရာ ဆွေမျိုးများထံသို့ ကူညီရွှေ့ပြောင်းပေး ခြင်းတို့ကို အနောက်တောင် တိုင်းစစ်ဌာနချုပ် နယ်မြေခံ တပ်မတော်သားများက ဒေသခံပြည်သူများနှင့် ပူးပေါင်း ကူညီ ဆောင်ရွက်ပေးသည်။

ထို့ပြင် လေဘေးသင့် ပြည်သူများအား တပ်မတော်သားများက ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...