Social Icons

Pages

Thursday, May 11, 2017

ခိုလမ်မြို့၌ တည်ထားကိုးကွယ်မည့် ရွှေစည်းခုံ (ကောင်းမှုလျှံ) ပြည်ငြိမ်းအေး စေတီတော်မြတ်ကြီး၏ ရတနာအုတ်မြစ်တော်စီ မင်္ဂလာပြုလုပ်


အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင် ရွှေစည်းခုံ (ကောင်းမှုလျှံ) ပြည်ငြိမ်းအေးစေတီတော်မြတ်ကြီး၏ ရတနာအုတ်မြစ်တော်ချစဉ်။


နေပြည်တော် ၁၁-၅-၂၀၁၇

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ခိုလမ်မြို့၊ခိုလမ်-ကျိုင်းတောင်း ကားလမ်းအနောက်ဘက်၌ တည်ထားကိုးကွယ်မည့် ရွှေစည်းခုံ (ကောင်းမှုလျှံ) ပြည်ငြိမ်းအေး စေတီတော်မြတ်ကြီး၏ ရတနာအုတ်မြစ်တော် စီမင်္ဂလာကို ယနေ့နံနက်ပိုင်းတွင်ပြုလုပ်ရာ ခိုလမ်မြို့၊ သီရိမင်္ဂလာ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကုမာရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော် မူကြပြီး အရှေ့အလယ်ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် ဖိတ်ကြားထားသူ များတက်ရောက် ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက သီရိမင်္ဂလာ ကျောင်းတိုက် ဆရာတော်ထံမှ ကိုးပါးသီလ ခံယူဆောက် တည်ကြသည်။ ထို့နောက် ဥပါသကာများက ပရိတ်ချည်၊ ပရိတ်ရေ၊ ပရိတ်သဲ၊ ပရိတ်ပန်း၊ ပရိတ် နံ့သာရည်တို့ကို ဆရာတော်များထံ ဆက်ကပ်ပြီး ပရိတ်ဒေသနာတော်များ ရွတ်ပွား ပူဇော်ကြကာ စေတီတော်ရင်ပြင်တွင် ပရိတ်နံ့သာ ရည်များ ပက်ဖျန်းပူဇော်ကြသည်။ ယင်းနောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက သံဃာတော်များထံ ရတနာ ငွေကြုတ်နှင့်တကွ ရတနာအုတ် မြစ်တော်များနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြပြီး မင်္ဂလာအခါတော် ကျရောက်ချိန်တွင် ရတနာရွှေကြုတ်၊ မော်ကွန်းကျောက်စာနှင့် နဝရတ်ကိုးပါးရတနာ အုတ်မြစ်တော်များအား အစီအစဉ်အတိုင်း ပူဇော်ကြသည်။ ၎င်းနောက် လှူဖွယ်ပစ္စည်း အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြ သူများသည် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...