Social Icons

Pages

Thursday, May 11, 2017

ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း ထိုင်းဘုရင့် တပ်မတော်ရေတပ်ဦးစီးချုပ် Admiral Na Arreenich အား ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ


ကာကွယ်ရေးဦးစီးချုပ် (ရေ ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ထိုင်းဘုရင့်တပ်မတော် ရေတပ်ဦးစီးချုပ် Admiral Na Arreenich တို့ သီဆိုကပြ ဖျော်ဖြေကြသော စစ်သည်၊ စစ်သမီးများနှင့် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်စဉ်။

နေပြည်တော် ၁၁-၅-၂၀၁၇

ကာကွယ်ရေးဦးစီးချုပ် (ရေ )ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးရောက် ရှိနေသည့် ထိုင်းဘုရင့် တပ်မတော်ရေတပ် ဦးစီးချုပ် Admiral Na Arreenich ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား မေ ၉ ရက် ည ၇ နာရီတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ဂုဏ်ပြုညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

ဂုဏ်ပြုညစာစားပွဲသို့ ကာကွယ်ရေးဦးစီးချုပ် (ရေ ) နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ )မှ တပ်မတော်အရာရှိကြီးများ နှင့်ဇနီးများ တက်ရောက်ကြပြီး ထိုင်းဘုရင့် တပ်မတော်ရေတပ် ဦးစီးချုပ်နှင့်ဇနီး၊ မြန်မာနိုင်ငံ
ဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr.Jukr Boon-Long ၊ ထိုင်းဘုရင့်တပ်မတော် ရေတပ်စစ်သံမှူး Captain Puchong Praditteera နှင့် ထိုင်းဘုရင့်တပ်မတော် ရေမှအရာရှိကြီးများ တက်ရောက် ကြသည်။

ဦးစွာ ကာကွယ်ရေးဦးစီးချုပ် (ရေ)နှင့် ထိုင်းဘုရင့်တပ်မတော် ရေတပ်ဦးစီးချုပ်တို့သည် နှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြား၍ တက်ရောက်လာကြသူ များနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင် ကြသည်။ညစာမသုံး ဆောင်မီနှင့် သုံးဆောင်နေစဉ် အတွင်း ပြည်သူ့ဆက်ဆံရေး နှင့်စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေး မှူးရုံး ကွပ်ကဲမှုအောက် နယ်လှည့်ပြည်သူ့ ဆက်ဆံရေးတပ်ခွဲ ဖျော်ဖြေရေးအဖွဲ့နှင့် တေးသံရှင်များကနှစ်နိုင်ငံတေးသီချင်းများ၊ အကပဒေသာ များဖြင့် သီဆိုကပြ ဖျော်ဖြေကြပြီး ညစာသုံး ဆောင်အပြီးတွင် အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။

ထို့နောက် သီဆိုကပြ ဖျော်ဖြေကြသော စစ်သည်၊ စစ်သမီးများအား ဂုဏ်ပြုပန်းခြင်းများ အသီးသီးပေးအပ်ကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြသည်။ ထိုင်းဘုရင့်တပ်မတော်ရေ တပ်ဦးစီးချုပ် Admiral Na Arreenich ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေ ပိုင်းတွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီ တော်မြတ်ကြီးသို့ သွားရောက်ဖူးမြော် ကြည်ညို၍ အလှူငွေများ ပေးအပ်လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...