Social Icons

Pages

Wednesday, May 24, 2017

ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေးနှင့် အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆောင်ရွက် နေမှုများဆွေးနွေး


နယ်စပ်ရေးရာ ဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီးဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Jukr Boon-Long အား လက်ခံတွေ့ဆုံစဉ်။

နေပြည်တော် ၂၄-၅-၂၀၁၇

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်အား ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Jukr Boon-Long သည် ယနေ့နံနက် ၁ဝ နာရီတွင် ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံသည်။ 

တွေ့ဆုံစဉ် နယ်စပ်ရေးရာ ဝန်ကြီးဌာနက နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး နှင့် နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေး နေမှုများ၊ နိုင်ငံတော် အစိုးရက ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး တို့အတွက် (၂၁) ရာစုပင်လုံ ညီလာခံ ဒုတိယ အကြိမ်အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရန် ကြိုးပမ်းဆောင်ရွက် နေမှုများ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နေမှုများ၊ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေးနှင့် အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ဆောင်ရွက်နေမှုအခြေအနေများ၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ဆန္ဒအလျောက် နေရပ်ပြန်ရေး ကိစ္စရပ်များ၊ ထိုင်းနိုင်ငံရောက် မြန်မာအလုပ် သမားများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက် ရေးလုပ်ငန်းများနှင့် အထောက်အထားလက်မှတ် ထုတ်ပေးရေး လုပ်ငန်းစဉ်များတွင် နှစ်နိုင်ငံသက်ဆိုင်ရာ ဌာနများပူး ပေါင်းဆောင်ရွက်မှု အခြေအနေများ၊ မြန်မာနှင့်ထိုင်း နှစ်နိုင်ငံ ပိုမိုပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...