Social Icons

Pages

Wednesday, May 24, 2017

ကျိုင်းတောင်းမြို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများဆောင်ရွက်


အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင် နယ်လှည့်ဆေးကုသရေး အဖွဲ့က ဒေသ
ခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကိုကြည့်ရှုအားပေးစဉ်။

နေပြည်တော် ၂၄-၅-၂၀၁၇

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကျိုင်းတောင်းမြို့ရှိ ဒေသခံ ပြည်သူများအား ယနေ့နံနက် ပိုင်းတွင် အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသ ရေးအဖွဲ့က အမှတ် (၇) ရပ်ကွက်၊ ကောင်နမ့်တွန် ကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက် ပေးရာတွင် သွေးတိုးရောဂါ၊ အာရုံကြော အားနည်းရောဂါ၊ နှလုံးရောဂါ၊ အရိုး/အကြော ရောဂါနှင့် အထွေထွေရောဂါ ဝေဒနာရှင် ဒေသခံပြည်သူ ၁၄၆ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက် ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင် နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြီး ကောင်နမ့်တွန် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပန္ဒဝအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့ပြင် အခြေခံပညာအလယ်တန်းကျောင်း (ဝိန်းကောင်) ၌ ကျိုင်းတောင်းတပ်နယ်မှ တပ်မတော်သားများက ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် ခြင်အန္တရာယ် ကင်းဝေးစေရေး အတွက် ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းမှူးနှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...