Social Icons

Pages

Saturday, May 20, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖိလစ်ပိုင်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ အာဆီယံနိုင်ငံများမှ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်များ နှင့်ဇနီးများ နှင့် အတူ ဖိလစ်ပိုင်တပ်မတော် (လေ) တေးဂီတအဖွဲ့ က တေးသီချင်းများ ဖြင့်သီဆိုကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ဖိလစ်ပိုင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Eduardo M. Ano နှင့်ဇနီးတို့ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်စဉ်။

နေပြည်တော် ၂၀-၅-၂၀၁၇

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၁၄) ကြိမ်မြောက် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (14th ACDFIM) သို့တက်ရောက်ခဲ့သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေ ၁၈ ရက်ဒေသစံတော်ချိန် ည ၇ နာရီတွင် Sofitel Hotel ၌ ဖိလစ်ပိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Eduardo M . Ano နှင့်ဇနီးတို့ကတည်ခင်း ဧည့်ခံသည့် ဂုဏ်ပြုညစာ စားပွဲသို့ တက်ရောက်သည်။

အဆိုပါ ဂုဏ်ပြုညစာ စားပွဲသို့တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ အာဆီယံနိုင်ငံများမှ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်များ နှင့်ဇနီးများ၊ ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာအခမ်းအနား တက်ရောက်လာကြသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီးဒေါ်ကြူကြူလှ၊ အာဆီယံနိုင်ငံများမှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ နှင့်ဇနီးများအား ဖိလစ်ပိုင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် Gen. Eduardo M . Ano နှင့် ဇနီးတို့က ကြိုဆိုနှုတ်ဆက် ကြသည်။

ထို့နောက် ဖိလစ်ပိုင်တပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ် Lt. Gen. SALVADOR MELCHOR B MISON JR AFP ကနှုတ်ဆက်စကား ပြောကြားသည်။ ထို့နောက်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ညစာစားပွဲသို့ တက်ရောက်လာကြသည့် အာဆီယံနိုင်ငံများမှ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ နှင့်အတူ ညစာကိုအတူတကွ သုံးဆောင်ကြသည်။

ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း ဖိလစ်ပိုင်တပ်မတော် (လေ) တေးဂီတအဖွဲ့က တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေကြသည်။ ညစာသုံးဆောင်အပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ အာဆီယံနိုင်ငံများမှ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များနှင့် ဇနီးများသည် ဖိလစ်ပိုင်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့နှင့်လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ် ကြပြီး အမှတ်တရစုပေါင်း ဓာတ်ပုံရိုက် ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...