Social Icons

Pages

Monday, May 1, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ဂျာမနီနိုင်ငံ၊ Memmingen မြို့ရှိ GROB Aircraft ကုမ္ပဏီသို့ရောက်ရှိလေ့လာ

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များ GROB Aircraft ကုမ္ပဏီအတွင်း ကြည့်ရှုလေ့လာစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား GROB Aircraftကုမ္ပဏီ၏ CEO ဖြစ်သူ Mr.Andre Hiebeler က လက်ရှိလေယာဉ်ထုတ်လုပ်မှု အခြေအနေများအား Power Point Presentation  ဖြင့် ရှင်းလင်းတင်ပြစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လေယာဉ်ထုတ်လုပ်ပုံအဆင့်ဆင့်ကို 
                                                    လှည့်လည်ကြည့်ရှုစဉ်။


နေပြည်တော် ၁-၅-၂၀၁၇

ဂျာမနီနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး ခရီးစဉ်ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၂၉ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲတွင် ဂျာမနီနိုင်ငံ၊ Memmingen မြို့ရှိ GROB Aircraft ကုမ္ပဏီသို့ သွားရောက် လေ့လာကြသည်။

ဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်တို့သည် Memmingen လေဆိပ်သို့ရောက်ရှိရာ GROB Aircraft ကုမ္ပဏီ၏ CEO ဖြစ်သူ Mr. Andre Hiebeler နှင့်တာဝန်ရှိသူများက ကြိုဆိုကြပြီး Memmingen မြို့အနီး Matssies ဒေသရှိ GROB Aircraft ကုမ္ပဏီသို့ ရဟတ်ယာဉ်ဖြင့် ဆက်လက်ထွက်ခွာသည်။

GROB Aircraft ကုမ္ပဏီသို့ရောက်ရှိရာ ကုမ္ပဏီ၏ CEO ဖြစ်သူ Mr. Andre Hiebeler က ကြိုဆိုနှုတ်ဆက် စကားပြောကြားပြီး ကုမ္ပဏီအနေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ အဆင့်မြင့် နည်းပညာသုံး ဝေဟင်၊ မြေပြင်၊ ရေပြင်ထောက်လှမ်း ရေးကွန်ရက်စနစ်များ၊ လက်ရှိလေယာဉ် ထုတ်လုပ်နေမှု အခြေအနေများ အား Power Point Presentation ဖြင့် ရှင်းလင်းတင်ပြသည်။ 

ယင်းနောက် လေယာဉ်အင်ဂျင်၊ ကိုယ်ထည်၊ တောင်ပံများပုံသွင်း တပ်ဆင်တည်ဆောက်နေမှု များအပါအ၀င် လေယာဉ်ထုတ်လုပ်ပုံ အဆင့်ဆင့်အား လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။

ထို့နောက် GROB Aircraft ကုမ္ပဏီမှ ထုတ်လုပ်သည့် G-120 TP နှင့် G-520 T လေယာဉ်များ၏ သရုပ်ပြ ပျံသန်းမှုများအား လှည့်လည်ကြည့်ရှုလေ့လာကြပြီး GROB Reconnaissance System နှင့် Flight Simulator Demonstration တို့အား လှည့်လည် ကြည့်ရှုကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် GROB Aircraft ကုမ္ပဏီ၏ CEO ဖြစ်သူ Mr. Andre Hiebeler တို့သည် အထိမ်းအမှတ်ပစ္စည်းနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြ ကြောင်းသတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...