Social Icons

Pages

Monday, May 1, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ဂျာမနီနိုင်ငံမှ ပြန်လည် ထွက်ခွာ၊ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်အား ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့်တာဝန်ရှိသူ တို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်စဉ်။


နေပြည်တော် ၁-၅ -၂၀၁၇

ဂျာမနီတပ်မတော် စစ်ဦးစီးချုပ် General Volker Wieker ၏ဖိတ်ကြားချက်အရ ဂျာမနီနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်ရောက်ရှိ နေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၂၉ ရက် ဒေသစံတော်ချိန် ည ၉ နာရီ ၁၀ မိနစ်တွင် ဂျာမနီနိုင်ငံ၊ ဖရန့်ဖတ်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည် ထွက်ခွာကြရာ ဂျာမနီနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့်၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် အောင်ကျော်မိုး နှင့်ဇနီးတို့က လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက် ကြသည်။

မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ညနေ ၆ နာရီ ၄၅ မိနစ်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိကြရာ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်းနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံသံအမတ်ကြီး H.E.Mr. Christian-Ludwig Weber-Lortsch နှင့် တာဝန်ရှိ သူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါ မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှတို့နှင့် အတူအဖွဲ့ဝင်များ အဖြစ်လိုက်ပါ သွားကြသည့် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ)  ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော် အရာရှိကြီးများ ပြန်လည် လိုက်ပါလာကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...