Social Icons

Pages

Sunday, April 9, 2017

သောက်သုံးရေဖူလုံစွာရရှိရေးအတွက် စက်ရေတွင်းတူးခြင်းနှင့် ရာသီမရွေးအဆင်ပြေချောမွေ့စွာသွားလာ နိုင်ရေးအတွက် လမ်းမြေဖို့ခြင်းများဆောင်ရွက်





နေပြည်တော် (၉-၄-၂၀၁၇)

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊သာဂရမြို့၊ တဲကုန်းကျေးရွာရှိ ဒေသခံပြည်သူများ သောက်သုံးရေဖူလုံစွာရရှိရေးအတွက်စက်ရေတွင်းတူးဖော်ပေးခြင်း၊ အမိုးပါအုတ် ရေကန် တည်ဆောက်ပေး ခြင်းနှင့် ဆွာမြို့၊ငါးကြီးကွေ့ကျေးရွာအတွင်း ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ ရာသီမရွေးအဆင်ပြေလွယ်ကူစွာသွားလာနိုင်ရေးအတွက် ရွာလမ်းမကြီးအား မြေဖို့ပေးခြင်းတို့ကို ယနေ့ နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရေတာရှည်တပ်နယ်မှ တပ်မတော်သားများက ဆောင်ရွက် ပေးသည်။

ထို့ပြင် ရွှေကျင်မြို့၊ ကျွဲတဲရပ်ကွက်ရှိ တပ်ဦးအဓိဋ္ဌာန် ကြားတောရ ဘုန်းတော်ကြီးကျောင်း သန့်ရှင်း သာယာလှပရေးအတွက် ယနေ့နံနက်ပိုင်းတွင် ကျောင်းတိုက် ပရိဝုဏ်အတွင်း/အပြင်ရှိ ချုံနွယ်၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့်ပင်မကျောင်းဆောင်နှင့် ဆွမ်းစားကျောင်း ဆောင်သွား စင်္ကြံလမ်းအား ကျောက်ချောလမ်းခင်းပေးခြင်းတို့ကို ရွှေကျင်တပ်နယ်မှတပ်မတော်သားများက စုပေါင်း လုပ်အားဒါနဆောင်ရွက်ပေးသည်။

အလားတူ ပျဉ်ပုံကြီးတပ်နယ်မှ တပ်မတော်သားများနှင့် မိသားစုများကလည်း ပဲခူးမြို့နယ်၊ ၀င်္ဂဘော် ကျေးရွာဘုန်းတော်ကြီးကျောင်း ပရိဝုဏ်အတွင်း/အပြင်ရှိ ချုံနွယ်၊ ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးပြုလုပ် ခြင်းတို့ဖြင့် စုပေါင်းလုပ်အား ဒါနဆောင်ရွက်ပေး ခဲ့ကြောင်း သတင်း ရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...