Social Icons

Pages

Sunday, April 9, 2017

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) သို့သွားရောက် ကြည့်ရှုစစ်ဆေး၊ ဗထူးတပ်နယ်၊ မိုင်းနောင် နှင့်ကျိုင်းတောင်း တပ်နယ်တို့ မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြား


ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း 
ဗထူးတပ်နယ်ရှိအောင်ဆန်းခန်းမ၌ တပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာ
စကားပြောကြားစဉ်။


ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်( ကြည်း ) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း 
ဗထူးတပ်နယ်မှ အရာရှိ၊စစ်သည်၊ မိသားစုများ အတွက် သုတ၊ ရသစာအုပ်/ စာစောင်များကို ပေးအပ်ရာ
တပ်နယ်မှူးက လက်ခံရယူစဉ်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အဖွဲ့ ဝင်များ ဗထူးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်စဉ်။

အောင်မြေစကြာ ဆုတောင်းပြည့် စေတီတော်၏ ပဓာနနာယက ကျောက်မြောင်း ဆရာတော် ဘဒ္ဒန္တတေဇနိယအား ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး
စိုးဝင်းနှင့် အဖွဲ့ဝင်များ ဖူးမြော်ကြည်ညိုစဉ်။


နေပြည်တော် (၉-၄-၂၀၁၇)

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ဗထူးတပ်နယ်ရှိ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) သို့သွားရောက် ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ဝင်များအား ကျောင်းဌာနချုပ်ရုံး ၊ရှင်းလင်းဆောင်၌ ကျောင်းအုပ်ကြီးက တပ်တည်ဆောက်ရေး လုပ်ငန်းကြီး(၄) ရပ်နှင့် လေ့ကျင့်သင်ကြား ရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြရာ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက လိုအပ်သည်များ အသေးစိတ် လမ်းညွှန်မှာ ကြားပြီး ကျောင်းအတွင်း DYL ၀က်မွေးမြူရေး ဆောင်ရွက်ထားရှိမှု နှင့်ဥစားကြက် Novogen Brown မွေးမြူထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးသည်။

ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဗထူးတပ်နယ်ရှိ အောင်ဆန်းခန်းမ၌ တပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံ အမှာစကား ပြောကြားသည်။

တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အတူ ဇနီးဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ နှင့်ဇနီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ တပ်နယ်မှတပ်မတော် အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်သည်။

ထိုသို့တွေ့ဆုံ ရာတွင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က အမှာစကား ပြောကြားရာတွင် ဗထူးတပ်နယ်သည် လေ့ကျင့်ရေးနှင့် ပတ်သက်သည့် တာဝန်များကို ထမ်းဆောင်နေရပြီး အဆင့်ဆင့်သော ခေါင်းဆောင်များကို လေ့ကျင့်မွမ်းမံ ပေးနေသည့် တပ်နယ် တစ်ခုဖြစ်ကြောင်း၊ သင်တန်းကျောင်း အသီးသီးမှ သင်တန်းသားများကို လေ့ကျင့်သင်ကြားပေး နေခြင်းများသည် တိုက်ပွဲစွမ်းရည် ထက်မြက်အောင် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပေးနေခြင်းပင် ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိသင်ကြား မွေးထုတ်ပေး လိုက်သည့် သင်တန်းသား များသည် စစ်နည်းဗျူဟာနှင့် စစ်ပညာများကို လက်တွေ့နယ်ပယ်တွင် အကျိုးရှိစွာ အသုံးချနိုင်ပြီး အရည်အချင်း ပြည့်ဝသော ခေါင်းဆောင်ကောင်းများ ဖြစ်လာအောင် ရည်မှန်းချက်ထား၍ သင်ကြားပေး သွားရမည်ဖြစ်ကြောင်း မှာကြားပြီး တပ်တည်ဆောက်ရေး လုပ်ငန်းကြီး (၄) ရပ်နှင့်ပတ်သက်၍ အသေးစိတ်မှာ ကြားခဲ့သည်။

တွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က တပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများအတွက် သုတ၊ ရသစာအုပ်/စာစောင်များ ကိုပေးအပ်ရာ တပ်နယ်မှူးက လက်ခံရယူသည်။ ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများက ရွှေဖီဦးလက်ဖက်ရည် ထုပ်များနှင့် အားကစားပစ္စည်းများ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူသည်။

ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ် ဆက်သည်။

ယင်းနောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင် များသည် အောင်မြေစကြာ ဘုရားကုန်း၌ တည်ထားကိုးကွယ် ထားသော အောင်မြေစကြာ ဆုတောင်းပြည့် စေတီတော်အား သွားရောက် ဖူးမြော် ကြည်ညိုပြီး အလှူငွေများ ပေးအပ်လှူဒါန်းရာ တပ်နယ်မှူးက လက်ခံရယူသည်။

၎င်းနောက် အောင်မြေစကြာ ဆုတောင်းပြည့် စေတီတော်၏ ပဓာနနာယက ကျောက်မြောင်း ဆရာတော် ဘဒ္ဒန္တတေဇနိယအား ဖူးမြော် ကြည်ညိုပြီး သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ဆက်လက်ပြီး ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အဖွဲ့ဝင်များ လိုက်ပါ၍ မိုင်းနောင်တပ်နယ် နှင့်ကျိုင်းတောင်း တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား သွားရောက် တွေ့ဆုံအမှာ စကားပြော ကြားသည်။

တွေ့ဆုံပွဲများတွင် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)က အမှာ စကားပြော ကြားရာတွင် ခေတ်မီတပ်မတော် တည်ဆောက်နေမှု အခြေအနေများ၊ တိုက်ပွဲစွမ်းအားနှင့် တိုက်ပွဲ စွမ်းရည်များ ထက်မြက်နေစေရေး စဉ်ဆက်မပြတ် လေ့ကျင့်နေရမည့် အခြေအနေများ၊ တိုက်ပွဲစွမ်းအားနှင့် တိုက်ပွဲစွမ်းရည် ထက်မြက်စေ ရန်လည်း နောက်ချန်အရာရှိ၊ စစ်သည်များနှင့် ရဲမေများက တစ်ဖက် တစ်လမ်းမှ အထောက်အကူ ပြုရမည့်လုပ်ငန်း တာဝန်များ၊ တပ်တွင်းစည်း လုံးညီညွတ်ရေး ခိုင်မာ ကျစ်လျစ်စေရန် ဆောင်ရန်/ရှောင်ရန်အချက်များ၊ ပြည်သူနှင့် တပ်မတော် တစ်သားတည်း ဖြစ်စေရန် တပ်ပြင်စည်းရုံးရေး ဆောင်ရွက်နေရမည့် အခြေအနေများ၊ ပြည်သူက အားကိုးယုံကြည် ရသည့် တပ်မတော် ဖြစ်လာအောင် လုပ်ဆောင်ရမည့် အခြေအနေများ၊ တပ်မတော်က ငြိမ်းချမ်းရေးမူဝါဒ (၆) ရပ်ချမှတ်ပြီး NCA စာချုပ်ပါ သဘောတူညီချက်များ အတိုင်း ငြိမ်းချမ်းရေး ဆောင်ရွက်နေမှု အခြေအနေများ၊ လက်ရှိကုန် ဈေးနှုန်းကြီး မြင့်နေမှုအပေါ် အရာရှိ၊ စစ်သည်၊မိသားစုများ ၀န်ထုပ်ဝန်ပိုး မရှိစေဘဲ အသား၊ ငါးနှင့်ဥများကို ပြင်ပ ဈေးနှုန်း ထက်သက်သာပြီး သန့်ရှင်းလတ်ဆတ်၍ အာဟာရပြည့်ဝစွာ စားသုံးနိုင်ပြီး ပိုလျှံပါက ဒေသခံပြည်သူများ အတွက်ပါ ရောင်းချပေးနိုင်ရေး စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သွားရန် လိုအပ်မှု အခြေအနေများအား အသေးစိတ် ရှင်းလင်း ပြောကြားကာ တစ်ဦးချင်း၏ တင်ပြချက်များအပေါ် ဖြေရှင်း ဆောင်ရွက် ပေးသည်။

တွေ့ဆုံပွဲများ အပြီးတွင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က တပ်နယ် များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ အတွက် သုတ၊ ရသစာအုပ်/ စာစောင်များ ကိုလည်းကောင်း၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ၏ဇနီး ဒေါ်သန်းသန်းနွယ်က မိသားစု များအတွက် ထောက်ပံ့ရေးပစ္စည်းများ ကိုလည်းကောင်း ပေးအပ်ရာ တပ်နယ်များမှ တာဝန်ရှိသူများက လက်ခံရယူကြသည်။

 ယင်းနောက်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများက ရွှေဖီဦးလက်ဖက်ရည်ထုပ် များနှင့်အားကစား ပစ္စည်းများ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူသည်။ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်အဖွဲ့ဝင်များသည် တက်ရောက်လာ ကြသည့် တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက် ကြသည်။

၎င်းအပြင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်အဖွဲ့ဝင်များသည် တွေ့ဆုံပွဲများ ပြီးနောက် မိုင်းနောင်တပ်နယ်နှင့် ကျိုင်းတောင်းတပ်နယ် အလိုက်စီမံချက် (၄)မျိုး နောက်ဆုံး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် တာဝန်ရှိသူတစ်ဦး ချင်းစီ၏ လုပ်ငန်းတာဝန် ဆောင်ရွက်မှုတို့အား စစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်ညွှန်ကြား ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...