နေပြည်တော် (၉-၄-၂၀၁၇)
ဒေသခံပြည်သူလူထု၏ စားရေးတွင်အထောက်အကူဖြစ်စေရန်နှင့် ကုန်ဈေးနှုန်းမြင့်တက်လာမှုကို တစ်ဖက် တစ်လမ်းမှလျှော့ချပေးနိုင်ရန်ရည်ရွယ်၍ တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံများမှ ထွက်ရှိသော အသား၊ ငါးများ၊ဟင်းသီးဟင်းရွက်များ၊ ကြက်ဥ၊ ဘဲဥများဖြင့်ချက်ပြုတ်ထားသည့် ကျန်းမာရေး နှင့်ညီညွတ်သော တန်ဖိုးသင့်ထမင်းနှင့်ဟင်းလျာများကို ဒေသခံပြည်သူများအား ဈေးနှုန်းချိုသာစွာဖြင့် ဆက်လက်ရောင်းချပေးလျက်ရှိသည်။
ထိုသို့ရောင်းချပေးလျက်ရှိရာ ယနေ့တွင်ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့ များက တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ ပြည်သူ့ဆေးရုံ၊ဆိပ်ကမ်းနှင့် မြိတ်မြို့နယ်၊ ရွှေပေးကျေးရွာ အနီးတို့၌လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များက ရန်ကုန်တိုင်း ဒေသကြီး၊ မှော်ဘီမြို့နယ်၊ဆပ်တောကျေးရွာရှိ အခွန်လွတ်ဈေး၌လည်းကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များကဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ဘူတာရုံ၊ ဆေးရုံ၊ ကားဂိတ်၊ သင်္ဘောဆိပ်နှင့်မြို့တွင်းရှိ အခြားနေရာများ၌လည်းကောင်း၊အနောက်မြောက်တိုင်းစစ်ဌာနချုပ် တပ်ရင်း/တပ်ဖွဲ့များက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကန်ကြီးကျေးရွာ၌လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်တပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့များက ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ အထွေထွေရောဂါကုဆေးရုံကြီး၊ ကေတုမတီမြို့သစ်၊ တပင်ရွှေထီးရပ်ကွက်၊ နှစ်ဆောင်ပြိုင် ကျေးရွာ၊ အားလူးကုန်းကျေးရွာ၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့ရှိစက်ရုံစုရပ်ကွက်၊ ပိန်းဇလုတ်မြို့ရှိ ပိန်းဇလုတ် ဈေး၊ ကျောက်ကြီးမြို့နယ်၊ ဖန်ခါးကုန်းကျေးရွာ၊ ရွှေကျင်မြို့နယ်၊ ခြေတော်ရာကျေးရွာ၊ ဘုရားကြီးမြို့ နှင့်ပျဉ်ပုံကြီးကျေးရွာ၊ ပဲခူးမြို့၊ကုန်းသာယာဈေးနှင့် အင်းတကော်မြို့၊ မရမ်းကြောကျေးရွာ၊ ပန်းတောင်းမြို့နယ်၊ ကမြိုင်ကျေးရွာနှင့်ရွှေတောင်မြို့၊ ယွန်းတန်းရပ်ကွက်တို့၌လည်းကောင်း ဒေသခံပြည် သူများအတွက် တန်ဖိုးသင့်ထမင်းနှင့်ဟင်းလျာများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။
#Themyawadydaily
No comments:
Post a Comment