Social Icons

Pages

Wednesday, April 5, 2017

နယ်စပ်ဒေသများဖွံ့ ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုဆွေးနွေး


ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E.Mr.Scot Marciel အားလက်ခံတွေ့ဆုံစဉ်။

နေပြည်တော် ၅-၄-၂၀၁၇

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်အား အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E.Mr.Scot Marciel သည် ယနေ့နံနက် ၁ဝ နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ရေးရာဝန် ကြီးဌာနက မြန်မာနိုင်ငံအတွင်းရှိ နယ်စပ်ဒေသ များဖွံ့ဖြိုးတိုးတက်ရေး နှင့်နယ်စပ်ဒေသများ ရှိတိုင်းရင်းသား လူမျိုးများ၏ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများဆောင်ရွက်နေမှု၊ နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက် လျက်ရှိသည့် ပြည်တွင်းငြိမ်းချမ်းရေး နှင့်အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုင်ရာဖြစ်ပေါ် တိုးတက်မှုများ၊ ရခိုင်ပြည်နယ် လက်ရှိတည်ငြိမ် အေးချမ်းမှုအား ပိုမိုကောင်းမွန်လာစေရန်အတွက် နိုင်ငံတော်အစိုးရက လတ်တလော အကောင်အထည် ဖော်ဆောင်ရွက် နေမှုများနှင့် ရေရှည်ဆောင်ရွက် သွားမည့်အစီအမံများ၊ ရခိုင်ပြည်နယ် အတွင်းရှိ နှစ်ဖက်လူ့အဖွဲ့အစည်း ရေရှည်သဟဇာတဖြစ်စွာ အတူလက်တွဲ နေထိုင်နိုင်ရေး အတွက်စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်နေမှုများ၊ နိုင်ငံတော်အစိုးရ၊ အလှူရှင်များ၊ နိုင်ငံတကာအဖွဲ့ အစည်းများမှ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ထောက်ပံ့ ပေးနေမှု အခြေအနေများနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှုများ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ကုလသမဂ္ဂအဖွဲ့ အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်ဘက်စုံ၊ကဏ္ဍစုံမှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက် ပေးနေမှု၏ အကျိုးဖြစ်ထွန်းမှုများ၊ နယ်စပ်ဒေသရှိ IDPS များအား လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ဆောင်ရွက် ပေးနေမှုနှင့် နှစ်နိုင်ငံပိုမို ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...