Social Icons

Pages

Wednesday, April 26, 2017

ဒေသခံပြည်သူများ၏ စားရေးအထောက် အကူဖြစ်စေရန် တန်ဖိုးသင့် ထမင်းနှင့် ဟင်းလျာများ၊ အသီးအရွက်များနှင့် အသားငါးများအား ဆက်လက်ရောင်းချ


ရန်ကုန်တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များက တန်ဖိုးသင့်ထမင်းနှင့်ဟင်းလျာများ၊
 ဟင်းသီးဟင်းရွက်နှင့် အသားငါးများ ရောင်းချပေးစဉ်။


တပ်ရင်း/တပ်ဖွဲ့များက တန်ဖိုးသင့် ထမင်းနှင့်ဟင်းလျာများရောင်းချပေးစဉ်။

နေပြည်တော် ၂၆-၄-၂၀၁၇

ဒေသခံပြည်သူလူထု၏ စားရေးတွင် အထောက်အကူ ဖြစ်စေရန်နှင့် ကုန်ဈေးနှုန်း မြင့်တက်လာမှုအား တစ်ဖက်တစ်လမ်းမှ လျှော့ချပေးနိုင် ရန်ရည်ရွယ်၍ တိုင်းစစ်ဌာန ချုပ်အသီးသီးရှိ ဘက်စုံစိုက်ပျိုး မွေးမြူရေးခြံ
များမှထွက်ရှိသော အသား၊ ငါးများ၊ ဟင်းသီးဟင်းရွက်များ၊ ကြက်ဥ၊ ဘဲဥများ၊ ကျန်းမာရေး နှင့်ညီညွတ်သော တန်ဖိုးသင့်ထမင်းနှင့် ဟင်းလျာများကို တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များကတပ်နယ်များ၌ ဒေသခံပြည်သူများအား ဈေးနှုန်းချိုသာစွာဖြင့် စီစဉ်ရောင်းချ ပေးလျက်ရှိသည်။

ထိုသို့ ရောင်းချပေးလျက် ရှိရာယနေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ မြစ်ကြီးနားမြို့၊ ရေကြည်ရပ်ကွက်၊ အေးမြသာယာရပ်ကွက် နှင့် ဝိုင်းမော်မြို့တို့တွင်လည်းကောင်း၊ အရှေ့ ပိုင်းတိုင်းစစ်ဌာနချုပ်၌ အေး
သာယာမြို့၊အောင်သပြေရပ်ကွက် တွင်လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၌ ခိုလမ်မြို့၊ (၂၉)မိုင် လားဟူကျေးရွာ စာသင်ကျောင်း အနီးတွင်လည်းကောင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်၌ မော်လမြိုင်မြို့၊ ကမ်းနားလမ်း၊ကျောက်မီးသွေး ဆိပ်ကမ်းအနီး၊ ရေးမြို့၊အောင်မေတ္တာရပ်ကွက်ရှိ ရေးဘူတာအနီး၊ ဘားအံမြို့၊ လှာကမြင်ကျေးရွာရှိ မဲဘောင် ဈေးအနီး၊ ဘီးလင်းမြို့၊ ဘိုးရာဇာရပ်ကွက်နှင့် သထုံမြို့၊ ကြာပန်းကျေးရွာတို့တွင် လည်းကောင်း၊ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၌ ကလိန်အောင်မြို့ကားဂိတ်၊ ရေဖြူမြို့ဈေးရှေ့၊ ထားဝယ်မြို့ ကမ်းနားဈေး၊ သရက်ချောင်းမြို့ဈေးရှေ့၊ မြိတ်မြို့ဆိပ်ကမ်းနှင့် ကားဂိတ်၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာ၊ဘုတ်ပြင်းတပ်နယ်ဈေး၊ ကရသူရိမြို့နယ်၊ မိုင်(၈ဝ)ကျေးရွာ၊ အရုဏ်ဦးကျေးရွာနှင့် ကျောက်ထနောင်းကျေးရွာ၊ ခမောက်ကြီးမြို့နှင့် ဘန်ကချွန်ကျေးရွာ၊ ကော့သောင်းမြို့၊ နန္ဒဝန်ဈေးရှေ့တို့တွင်လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ လှိုင်သာယာမြို့နယ်၊ ဒဂုံဧရာအဝေးပြေး ကားဂိတ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဈေး၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီး ကျေးရွာ၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်ဘူတာကြီးရှေ့၊ မှော်ဘီမြို့နယ် တပ်နယ်အခွန်လွတ်ဈေး၊ ရွှေမြယာကျေးရွာလမ်းဆုံ၊ လှည်းကူးမြို့နယ် လှည်းကူးဈေး၊ သပိတ်ကုန်းစံပြ ကျေးရွာ၊ သရက်ကုန်းဈေး၊ သန်လျင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ တွံတေးမြို့နယ်မြို့မဈေးနှင့် ဒလမြို့နယ် အောင်မင်္ဂလာ ရပ်ကွက်တို့တွင်လည်းကောင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်၌ ပုသိမ်မြို့ ကမ်းနားလမ်းရှိ ပုသိမ်ထီးစက်လှေဆိပ်၊ ဈေးချောင်းဗော တံတား၊ အမှတ်(၁)ရပ်ကွက် ကမ်းနားလမ်းရှိ ကွမ်းခြံဈေးအနီး၊ မအူပင်မြို့ ပြည်သူ့ဆေးရုံကြီးအနီးနှင့် မြောင်းမြမြို့ စက်လှေဆိပ်တို့တွင် လည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တွင် စစ်ကိုင်းမြို့၊ ပြည်သူ့ဆေးရုံရှေ့၊ကလေးမြို့ ပင်လုံလမ်းမတော်လမ်း၊ ချမ်းမြေ့အောင် စည်ရပ်ကွက်၊ ကားလေးဝင်းအတွင်းတွင်လည်းကောင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၌ သာစည်မြို့နယ်ရှိ ညောင်ရမ်းဈေးတွင် လည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၌ တောင်ငူမြို့၊ အထွေထွေရောဂါ ကုဆေးရုံကြီး၊ ရေနီမြို့ဈေးရှေ့၊ ဖြူးမြို့ဈေးရှေ့၊ သံတောင်မြို့၊ အင်းဝဘဏ်ရှေ့၊ ညောင်လေးပင်မြို့မ ဈေးရှေ့၊ အောင်မြင်မြို့ဈေးရှေ့၊ ဘုရားကြီးမြို့၊ ဘုရားကြီးလမ်းဆုံ၊ ရွှေကျင်မြို့၊ ဝင်းခနိမ်ကျေးရွာ၊ ပဲခူးမြို့၊ အထွေထွေရောဂါကု ဆေးရုံကြီးနှင့် မြို့မဈေးရှေ့၊ အင်းတကော်မြို့၊ ခမိတ်ဈေးရှေ့၊ အင်းမမြို့ ဘို့လန်ကုန်းကျေးရွာနှင့် လှည်းလမ်းကူးကျေးရွာ၊ ပြည်မြို့၊ ပြည်သူ့ဆေးရုံရှေ့နှင့် တီတွတ်လမ်းဆုံ၊ ပန်းတောင်းမြို့၊ တလုပ်ပင်ကျေးရွာနှင့် မသုန်ကျေးရွာတို့တွင် လည်းကောင်း ဒေသခံပြည်သူများ အတွက်တန်ဖိုးသင့် ထမင်း၊ ဟင်းလျာများနှင့်သန့်ရှင်း လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်များ၊ အသားငါးများကို ဈေးနှုန်းချိုသာစွာဖြင့် အသီးသီးရောင်းချ ပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...