Social Icons

Pages

Tuesday, March 21, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖိလစ်ပိုင်သမ္မတနိုင်ငံသမ္မတ H.E.Mr.Rodrigo Rao Duterte နှင့်တွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် 
ဖိလစ်ပိုင်သမ္မတ နိုင်ငံသမ္မတ H.E.Mr. Rodrigo Rao Duterte တို့ တွေ့ဆုံဆွေးနွေးစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဖိလစ်ပိုင်သမ္မတ 
နိုင်ငံသမ္မတ H.E.Mr. Rodrigo Rao Duterte တို့ အဖွဲ့ဝင်များနှင့်အတူ 
အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်စဉ်

နေပြည်တော် ၂၁-၃-၂၀၁၇

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ ညနေပိုင်း၌ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိ နေသည့် ဖိလစ်ပိုင် သမ္မတ နိုင်ငံသမ္မတ  H.E.Mr.Rodrigo Rao Duterte က နေပြည်တော်ရှိ Horizon Lake View Hotel State Meeting Room-1, Villa-1 တွင် High Tea ဖြင့်တည်ခင်း ဧည့်ခံပွဲသို့ တက်ရောက် တွေ့ဆုံသည်။ 

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး ဖိလစ်ပိုင်သမ္မတ နှင့်အတူ Secretary of National Defence H.E.Mr. Delfin Lorenzana ၊ မြန်မာ နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံ သံအမတ်ကြီး H.E.Mr.Alex Chua နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။ 

ထိုသို့တွေ့ဆုံရာတွင် ကာကွယ်ရေး၊ လုံခြုံရေးနှင့် မူးယစ်ဆေးဝါး ကာကွယ် တားဆီးရေး ဆိုင်ရာကိစ္စရပ်များ တွင်နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဖိလစ်ပိုင် သမ္မတနိုင်ငံ သမ္မတ H.E.Mr. Rodrigo Rao Duterte တို့သည် တက်ရောက်လာကြ သူများနှင့်အတူ  အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...