Social Icons

Pages

Friday, March 17, 2017

ပင်လယ်ပြင်လက်တွေ့ လေ့ကျင့်ခန်း ( Combined Fleet Exercise ) ဆောင်ရွက်ရန်အတွက် သတိပေးချက် ထုတ်ပြန်ကြေညာ




နေပြည်တော် ၊ ၁၇-၃-၂၀၁၇

တပ်မတော်(ရေ) စစ်ရေယာဉ် များသည် ၂ဝ၁၇ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အတွင်း ပင်လယ်ပြင် လက်တွေ့ လေ့ကျင့်ခန်းနှင့် လက်နက်များ လေ့ကျင့်ပစ်ခတ် ခြင်းများအား ကိုကိုးကျွန်း ရေပြင်တွင် လေ့ကျင့် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ လေ့ကျင့်ခန်း ဧရိယာအဖြစ် Point A မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ဝဝ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃ဝ မိနစ်၊ Point B မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ဝဝ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၄ဝ မိနစ်၊ Point C မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၅ဝ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၄ဝ မိနစ်၊ Point D မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၅ဝ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃ဝ မိနစ်စသည့် Coordinates အမှတ်များအား ဆက်ဆွဲထားသည့် ဧရိယာအား သတ်မှတ်ထား ရှိပြီး ရေကြောင်း သတိပေးချက်နှင့် လေကြောင်း သတိပေးချက် တို့အား ထုတ်ပြန်ကြေညာ ထားရှိပြီး ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ လေ့ကျင့်ခန်း ဆောင်ရွက်စဉ် ကာလအတွင်း ဘေးအန္တရာယ် ကင်းရှင်းစေရေး အတွက် အဆိုပါဧရိယာမှ ၅ မိုင်ပတ်လည်အား သင်္ဘောကြီး/ ငယ်များ၊ ကုန်တင်/ စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ် သန်းသွားလာခြင်း၊ ကျောက်ချ ရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်း မရှိစေရန်နှင့် လေယာဉ်၊ ရဟတ်ယာဉ်များ အမြင့်ပေ ၁၅ဝဝဝ (တစ်သောင်းငါးထောင်) အောက် ဖြတ်ကျော် ပျံသန်းခြင်း မပြုကြရန် အသိပေး ကြေညာအပ် ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...