Social Icons

Pages

Friday, March 17, 2017

စင်ကာပူရေတပ်မှ စစ်ရေယာဉ်နှစ်စီး ချစ်ကြည်ရေးခရီး ရောက်ရှိ



နေပြည်တော် ၊ ၁၇-၃-၂၀၁၇

မြန်မာ-စင်ကာပူ နှစ်နိုင်ငံရေတပ် အကြား ချစ်ကြည်ရင်းနှီးမှု ရရှိစေရန်ရည်ရွယ်၍ စင်ကာပူရေတပ်မှ စစ်ရေယာဉ်  RSS VALOUR နှင့် RSS VICTORY တို့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သို့ ချစ်ကြည်ရေးခရီး လည်ပတ်ရန် အတွက် ယမန်နေ့ညနေ ၄ နာရီ ၄၇ မိနစ်တွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိလာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များက ကြိုဆိုနှုတ်ဆက် ကြသည်။

အဆိုပါ စစ်ရေယာဉ်အား စစ်ရေယာဉ်မှူး Lt. Col. CHUAH MENG SOON ဦးစီး၍ အရာရှိ ၁၆ ဦး၊ အခြားအဆင့် ၉၈ ဦး၊ စုစုပေါင်း ၁၁၄ ဦးလိုက်ပါလာပြီး မြန်မာနိုင်ငံတွင် မတ် ၂ဝ ရက်ထိ ငါးရက်ကြာ နေထိုင်၍ လေ့လာလည်ပတ် သွားမည်ဖြစ်ပြီး ချစ်ကြည်ရေး အားကစားပြိုင်ပွဲ များလည်း ပြုလုပ်သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံသို့ အိမ်နီးချင်းနိုင်ငံများ နှင့် မိတ်ဆွေနိုင်ငံများမှ စစ်ရေယာဉ်များ မကြာခဏ လာရောက်လည်ပတ် ခြင်းဖြင့် နှစ်နိုင်ငံ ရေတပ်အချင်းချင်း သာမက နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်မှုနှင့် ပူးပေါင်း
ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့် ဆောင်ရွက် လာနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...