ဘန်ကောက် ၊ ၈-၃-၂၀၁၇
အာရှတိုက် အတွင်းရှိ လူဦးရေ လေးပုံတစ်ပုံ ကျော်သည် ၂ဝ၁၆ ခုနှစ်အတွင်း ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများ၌ လာဘ်ပေးခဲ့ရကြောင်း လေ့လာ စောင့်ကြည့်ရေး အဖွဲ့က မတ် ၇ ရက်တွင် ထုတ်ပြန်သည်။
ဘာလင်မြို့အခြေစိုက် နိုင်ငံတကာ ပွင့်လင်း မြင်သာမှု အဖွဲ့အစည်းက အာရှပစိဖိတ် ဒေသတစ်ဝန်း သို့မဟုတ် နိုင်ငံပေါင်း ၁၆ နိုင်ငံရှိ လူဦးရေ ၂ဝဝဝဝ ကျော်ကို စစ်တမ်းကောက် ယူရာ ပြီးခဲ့သည့်နှစ် အတွင်း လူဦးရေသန်း ၉ဝဝ ခန့်သည် ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများ၌ တစ်ကြိမ်ထက် မနည်း လာဘ်ငွေပေး ရသည်ကို တွေ့ရသည်။
အိန္ဒိယနှင့် ဗီယက်နမ်နိုင်ငံ တို့သည် လာဘ်ပေးလာဘ်ယူမှု အမြင့်ဆုံးဖြစ်ပြီး စစ်တမ်း ကောက်ယူမှု၌ ယင်းနိုင်ငံမှ ပါဝင် ဖြေကြားသူ သုံးပုံနှစ်ပုံ နီးပါးသည် ကျန်းမာရေးနှင့် ပညာရေး ကဲ့သို့သော အခြေခံ ဝန်ဆောင်မှု များ၌ လာဘ်ပေးမှုများကို ပြုလုပ်ရသည်ဟု ဆိုသည်။
ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင် နှင့်ြ သစတြေးလျနိုင်ငံ တို့သည် လာဘ်ပေးလာဘ်ယူမှု စာရင်းတွင် အနိမ့်ဆုံးဖြစ်ပြီး စင်ကာပူနိုင်ငံမှာ လုံးဝ မပါဝင်ကြောင်း သိရသည်။
ဖွံ့ဖြိုးမှု နှေးကွေးသည့် နိုင်ငံများတွင် အကျင့်ပျက် ခြစားမှုမှာ ပိုမိုဆိုးရွားကြောင်း လာဘ်ပေးခဲ့ရသည် ဟု ဖြေကြားသူ ၃၈ ရာခိုင်နှုန်း၏ ပြောဆိုချက် အရ သိရသည်။
မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၇)
No comments:
Post a Comment