Social Icons

Pages

Friday, March 24, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်းကျေးရွာ သို့သွားရောက် ကြည့်ရှုစစ်ဆေး


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ရန်ကုန်တိုင်းစစ်ဌာနချုပ် 
တိုင်းမှူးက စစ်မှုထမ်းဟောင်းကျေးရွာ တည်ဆောက်ထားမှု အခြေအနေ များနှင့် အမှတ်(၁)
 စစ်မှုထမ်းဟောင်း အိမ်ရာ (လေးထောင့်ကန်) တည်ဆောက်ရန် 
လျာထားဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ဝင်များ 
စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်

နေပြည်တော် ၊ ၂၄-၃-၂၀၁၇

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့နံနက် ၁ဝ နာရီခွဲတွင် ရန်ကုန်တပ်နယ်ရှိ မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်း ကျေးရွာသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ရှင်းလင်းဆောင်တွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးက စစ်မှုထမ်းဟောင်း ကျေးရွာ တည်ဆောက် ထားရှိမှု အခြေအနေများ နှင့် အမှတ်(၁) စစ်မှုထမ်းဟောင်း အိမ်ရာ (လေးထောင့်ကန်) တည်ဆောက်ရန် လျာထား ဆောင်ရွက်နေမှု အခြေအနေ များအား ရှင်းလင်း တင်ပြသည်။

ရှင်းလင်းတင်ပြမှု အပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က စစ်မှုထမ်းဟောင်း အိမ်ရာများ ဆောက်လုပ်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး စခန်းများ၊ အသေးစား စက်မှုလုပ်ငန်း များနှင့် အထည်ချုပ်စက်ရုံ ကဲ့သို့ လုပ်ငန်းများအား အကောင် အထည်ဖော် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက် ပေးခြင်းအားဖြင့် စစ်မှုထမ်းဟောင်း အိမ်ရာများတွင် နေထိုင်ကြမည့် စစ်မှုထမ်းဟောင်း များနှင့် မိသားစုဝင် များအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရုံသာမက ဒေသဖွံ့ဖြိုးမှုကိုပါ အထောက်အကူ ဖြစ်စေနိုင်မည် ဖြစ်ကြောင်း၊ စစ်မှုထမ်းဟောင်း အိမ်ရာတွင် နေထိုင်သည့် စစ်မှုထမ်းဟောင်းများ အတွက် လိုအပ်သည့် ရေ၊ မီးဆိုင်ရာ လိုအပ်ချက်များကိုပါ ဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ အိမ်ရာ ပတ်ဝန်းကျင်နှင့် လမ်းဘေးဝဲယာများ တွင်လည်း အရိပ်ရ လေကာပင်များ စိုက်ပျိုးပေးရန် လိုအပ်ကြောင်းဖြင့် မှာကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင်များသည် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး စစ်မှုထမ်းဟောင်း ကျေးရွာအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...