Social Icons

Pages

Saturday, March 18, 2017

ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး၊ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအား သွားရောက်တွေ့ဆုံ


အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင် ဆေးကုသမှုခံယူနေသူများကို
                                                      ကြည့်ရှုအားပေးစဉ်။

နေပြည်တော် ၁၈-၃-၂၀၁၇

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်မြို့ရှိ တပ်မတော် ဆေးရုံ၌ တက်ရောက် ဆေးကုသမှု ခံယူလျက် ရှိသော အရာရှိ၊ စစ်သည်၊ မိသားစု များနှင့် ဒေသခံ ပြည်သူများအား ယနေ့နံနက် ပိုင်းတွင် အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင် နှင့် တာဝန်ရှိသူများ က သွားရောက် ကြည့်ရှု အားပေးစကား ပြောကြားပြီး တစ်ဦးချင်း၏ ကျန်းမာရေး အခြေအနေ များကို မေးမြန်းကာ စားသောက်ဖွယ် ရာများပေး အပ်သည်။

ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိ သူများသည် တိုင်းကောင် ကျေးရွာရှိ ပြည်သူ့စစ် (ဌာနေ)အဖွဲ့ဝင်များအား သွားရောက် တွေ့ဆုံ ၍ တင်ပြချက်များ အပေါ် ညှိနှိုင်းဆောင်ရွက် ပေးပြီး ကျေးရွာအတွက် သုတ၊ ရသ စာအုပ် စာစောင်များ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

#themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...