Social Icons

Pages

Saturday, March 18, 2017

နှစ်နိုင်ငံနယ်စပ်နီးကပ်မှုကိုအခွင့်ကောင်းယူ၍ MNDAA အကြမ်းဖက် သောင်းကျန်းသူများ ယာယီခံစစ်ပြင်ဆင်အခြေပြုထားသော ပွိုင့်-၁ဝ တောင်ကုန်းအား တပ်မတော်က ထပ်မံသိမ်းပိုက်ရရှိ


တပ်မတော်သားများကို ပွိုင့်-၁ဝ၈၈ တောင်ကုန်းအားသိမ်းပိုက်အပြီးတွေ့ရစဉ်။


နေပြည်တော် (၁၈-၃-၂၀၁၇)

ရှမ်းပြည်နယ် အရှေ့မြောက် ဒေသ၊ လောက်ကိုင် နယ်မြေအတွင်း MNDAA အကြမ်းဖက် သောင်းကျန်း သူများက နှစ်နိုင်ငံ နယ်စပ် နီးကပ်မှုကို အခွင့်ကောင်း ယူ၍ ရန်လုံ ကျိုင်းနယ်စပ် စစ်ဆေးရေးဂိတ်၊ ရဲစခန်းနှင့် လောက်ကိုင်-ရန်လုံကျိုင်း လမ်းကြောင်းကို စိုးမိုးနေပြီး ယာယီခံစစ် စခန်းပြင်ဆင် ခြေကုပ် ယူထားသော ပွိုင့်-၁ဝ၈၈ တောင်ကုန်းကို တပ်မတော် စစ်ကြောင်းများက မတ် ၈ ရက်မှ စတင် တိုက်ခိုက် ရင်ဆိုင်ထိန်း ချုပ်ကာ ယနေ့ နံနက် ၆ နာရီခန့်မှ စတင်၍ အမြောက်၊ လက်နက်ကြီး ပစ်ကူယူတိုက်ခိုက် ခဲ့ရာ နံနက် ၁ဝ နာရီခွဲ ခန့်တွင် သိမ်းပိုက် ရရှိခဲ့သည်။ 

တပ်မတော် အနေဖြင့် ပွိုင့်-၁ဝ၈၈ တောင်ကုန်း အားတိုက်ခိုက် သိမ်းပိုက် ခဲ့ရာတွင် တစ်ဖက်နိုင်ငံ နှင့် မီတာ ၈ဝဝ ခန့်အကွာ နှစ်နိုင်ငံ နယ်စပ် နီးကပ် နေသဖြင့် အမြောက်၊ လက်နက်ကြီး များ၏ ပစ်ခတ်မှု များကို တစ်ဖက်နိုင်ငံသို့ ကျည်ကျော် ကျရောက်မှု မရှိဘဲ တိကျစွာ တွက်ချက် ထိန်းချုပ်၍ စနစ်တကျ ပစ်ခတ် ထိန်းသိမ်း တိုက်ခိုက် ခဲ့ရသည့် တောင်ကုန်း တစ်ခုလည်း ဖြစ်ပါသည်။ ဖြစ်စဉ်တွင် ရန်သူ့ထံမှ အလောင်း ခြောက်လောင်း၊ လက်နက် မျိုးစုံ ၁၆ လက် နှင့် ခဲယမ်း ဆက်စပ်ပစ္စည်း အများအပြား သိမ်းဆည်း ရမိခဲ့ပြီး မိမိထံမှ အရာရှိ၊ စစ်သည်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ 

လောက်ကိုင်-ရန်လုံကျိုင်း လမ်းကြောင်းအား  အဓိက စိုးမိုးနေသည့် ပွိုင့်-၁၂၆၉ တောင်ကုန်း ကိုလည်း မတ် ၁၅ ရက်တွင် သိမ်းပိုက် ရရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ လောက်ကိုင် မြို့တွင်းနှင့် ရန်လုံကျိုင်း နယ်စပ်ဂိတ် ကားလမ်း တစ်လျှောက် စိုးမိုးတောင်ကုန်း များတွင်နေရာ ယူထားသည့် MNDAA အကြမ်းဖက် သောင်းကျန်းသူ များကို တပ်မတော် စစ်ကြောင်းများက ဖယ်ရှားနိုင်ပြီ ဖြစ်ကြောင်းနှင့် ကျန်ရှိ နေသေးသည့် ဘီပီ ၁၂၅ နှင့် ဘီပီ ၁၂၆ အနီးတစ်ဝိုက် တောင်ကုန်း များတွင် ယာယီခြေကုပ်ယူ အခြေပြု ထားသည့် MNDAA အကြမ်းဖက် သောင်းကျန်းသူ များကိုလည်း တပ်မတော် စစ်ကြောင်းများက ဆက်လက် ရှင်းလင်း တိုက်ခိုက်ဆဲ ဖြစ်ကြောင်း သတင်း ရရှိသည်။

#themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...