Social Icons

Pages

Saturday, March 18, 2017

Chevrolet Myanmar က မော်တော်ယာဉ်အမျိုးအစားသစ်နှစ်မျိုး မိတ်ဆက်ရောင်းချမည်



ရန်ကုန် ၁၈-၃-၂၀၁၇

အကြမ်းခံ မှုကြောင့် ကမ္ဘာတစ်ဝန်း ခိုင်မာသည့် ဈေးကွက်ရရှိ ထားသော အမေရိကန် နိုင်ငံ၏ နာမည်ကျော် Chevrolet ကား ကုမ္ပဏီ၏ မြန်မာနိုင်ငံ ဆိုင်ရာ ရုံးခွဲဖြစ်သော Chevrolet Myanmar က ၂ဝ၁၇ ခုနှစ်ထုတ်
ကား အမျိုးအစား သစ်နှစ်မျိုးကို ရန်ကုန်နှင့် မန္တလေးမြို့တို့၌ မိတ်ဆက် ပြသရောင်းချ မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကားအမျိုးအစား နှစ်မျိုးကို မန္တလေးမြို့၌ မတ် ၃၁ ရက်မှ ဧပြီ ၂ ရက်အထိ မင်္ဂလာ Shopping Mall နှင့် ရန်ကုန်မြို့၌ ဧပြီ ၁ ရက်တွင် မြန်မာပလာဇာ ၌ ပြသရောင်းချ သွားမည် ဖြစ်သည်။ ပြသရောင်းချ မည့်  ကား အမျိုးအစား များမှာယင်း ကုမ္ပဏီထုတ် Double Cab ကားအမျိုးအစား ဖြစ်သော Colorado Hight Country နှင့် SUV ကားအမျိုး အစားဖြစ်သော Trailblazer ကား အမျိုးအစားများ ဖြစ်သည်။ ယင်းကား အမျိုးအစား နှစ်မျိုး စလုံးမှာ 2.8 L Turbo ဒီဇယ်အင်ဂျင် ကားများ ဖြစ်ကြောင်း သိရသည်။ 

''ကား အမျိုးအစား နှစ်မျိုး စလုံးက စက်ပိုင်းဆိုင်ရာ ကဏ္ဍမှာရော အတွင်းခန်း ကိုပါ နောက်ဆုံးပေါ် နည်းပညာတွေ အသုံးပြုပြီး ထုတ်လုပ်ထား တာကြောင့် ဝယ်ယူ စီးနင်းမယ့် သူတွေအတွက် ကားတွေက ရေရှည်ခံ မှာဖြစ် သလို စီးတဲ့အခါ မှာလည်း တခြားကား တွေထက်ပိုပြီး သက်သောင့် သက်သာ ရှိစေမှာပါ'' ဟု Chevrolet Myanmar မှ Marketing Manager ကိုရဲဖြိုးထွန်း ကပြောသည်။

Colorado Hight Country ကားအမျိုး အစားကို အမေရိကန် ဒေါ်လာ ၄၉ဝဝဝ နှင့် Trailblazer ကား အမျိုးအစားကို အမေ ရိကန် ဒေါ်လာ ၇၂ဝဝဝ ဖြင့် ရောင်းချပေး မည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...