Social Icons

Pages

Wednesday, March 15, 2017

ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် အိန္ဒိယရေတပ်မှ စစ်ရေယာဉ်နှစ်စင်း ပြန်လည်ထွက်ခွာ



နေပြည်တော် ၊ ၁၅-၃-၂၀၁၇

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် အိန္ဒိယရေတပ်မှ စစ်ရေယာဉ် INS Karmuk(P-64) နှင့် INS Bangaram (T-65) တို့သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာရာ တပ်မတော်(ရေ) မှ အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITT တံတား၌ ပို့ဆောင်နှုတ်ဆက် ကြသည်။

အဆိုပါ စစ်ရေယာဉ်များတွင် အိန္ဒိယရေတပ် Naval Component Commander(Andaman and Nicobar) ဖြစ်သူ Commodore Ashutosh Ridhorkar ဦးစီး၍ အရာရှိ ၂၂ ဦး၊ အခြားအဆင့် ၁၄၂ ဦး၊ စုစုပေါင်း ၁၆၄ ဦး လိုက်ပါလာပြီး မတ် ၁၂ ရက်မှ ၁၄ ရက်အထိ ခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ ရွှေတိဂုံ စေတီတော်သို့ သွားရောက် ဖူးမြော်ကြည်ညို ပြီး စပါးရှားဂူဗိမာန် နှင့် အထင်ကရ နေရာများသို့ သွားရောက်လေ့လာ လည်ပတ်ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...