Social Icons

Pages

Wednesday, March 22, 2017

သဘာဝအော်ဂဲနစ်စနစ်သုံး ဆေးဝါးစိုက်ခင်းများ နိုင်ငံခြားခရီးသွားများ လည်ပတ်ကြည့်ရှုနိုင်ရန် စီစဉ်ဆောင်ရွက်ပေးနေ



ရန်ကုန် ၂၂-၃-၂၀၁၇

သဘာဝ အော်ဂဲနစ် စနစ်သုံး ဆေးဝါးစိုက်ခင်း များကို နိုင်ငံခြား ခရီးသွားများ လည်ပတ်ြကည့်ရှု နိုင်ရန် စီစဉ်ဆောင်ရွက် ပေးနေကြောင်း ခရီးသွား လုပ်ငန်းသတင်း များအရ သိရသည်။ 

အဆိုပါ သဘာဝ အော်ဂဲနစ် စနစ်သုံး ဆေးဝါးစိုက်ခင်း များကို နိုင်ငံခြားခရီးသွား ဧည့်သည်များ လည်ပတ်ကြည့်ရှု နိုင်ရန် ပြင်ဦးလွင် ဟိုတယ်ဇုန် လုပ်ငန်းများနှင့် ချိတ်ဆက် ဆောင်ရွက်နေ ခြင်းဖြစ်သည်။ 

ပြင်ဦးလွင်မြို့ အနီးစခန်း ပတ်ဝန်းကျင်ရှိ ကျွဲနားထောက် ကျေးရွာတွင် သဘာဝ အော်ဂဲနစ်စနစ် အသုံးပြုပြီး မြန်မာ့ဆေးဖက်ဝင် အပင် အမျိုးအစား ပေါင်း ၈၅ မျိုးကျော်ကို လယ်ဧက ၄၅ ဧကမှာ စိုက်ပျိုးထားသည့် Fame Organic Farming ရှိသည်။

အဆိုပါ သဘာဝ အော်ဂဲနစ် ဆေးဝါးစိုက်ခင်း များတွင် သဘာဝ ပတ်ဝန်းကျင်ကို လေ့လာ ကြည့်ရှု နိုင်ရန်နှင့် မြန်မာ့ဆေးဖက်ဝင် အပင်များကို လေ့လာနိုင်ရန် အတွက် ရည်ရွယ်ကာ ပြည်တွင်း ၊ပြည်ပခရီး သွားဧည့်သည် များကို ပြီးခဲ့သည့် ဖေဖော်ဝါရီက စတင်လေ့လာ ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အော်ဂဲနစ်ဆေးဝါး စိုက်ခင်းများကို စတင်လေ့လာခွင့် ပြုခဲ့သည့် ဖေဖော်ဝါရီလ အတွင်းတွင် ပြည်ပခရီးသည် ၁ဝ ဦးအပါ အဝင် ပြည်တွင်း၊ ပြည်ပ ခရီးသည်  စုစုပေါင်း ၁၂၂ ဦးလာရောက် လေ့လာကြည့်ရှု ခဲ့ကြသည်။

အဆိုပါ သဘာဝ အော်ဂဲနစ်စနစ် သုံးဆေးဝါး စိုက်ခင်းလေ့လာရေး  ခရီးစဉ်များကို ပြင်ဦးလွင် ဟိုတယ် ဇုန်အဖွဲ့နှင့် ချိတ်ဆက် ဆောင်ရွက်ကာ နိုင်ငံခြား ခရီးသွားများ လည်ပတ်စရာ တစ်နေရာအဖြစ် လေ့လာနိုင်ရန် ဆောင်ရွက်သွား မည်ဖြစ်သည်။ ဝင်ကြေး အဖြစ်ကျောင်းသား၊  ကျောင်းသူများနှင့် ကလေးများအတွက် ငွေကျပ် ၃ဝဝဝ နှင့်လူကြီးငွေကျပ် ၅ဝဝဝ သတ်မှတ် ထားကြောင်း သိရသည်။ 

မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...