Social Icons

Pages

Monday, March 20, 2017

မူးယစ်ဆေးဝါးများနှင့် တရားမ၀င် ကျောက်စိမ်းတုံးများ သယ်ဆောင်လာသူအား ဖမ်းဆီးရမိ


ဖမ်းဆီးရမိ မူးယစ်ဆေးဝါး နှင့် တရားမ၀င် ကျောက်စိမ်းတုံးများကို တွေ့ရစဉ်


နေပြည်တော် ၊ ၂၀-၃-၂၀၁၇

တနင်္သာရီတိုင်း ဒေသကြီး၊ ကလိန်အောင်မြို့၏ မြောက်ဘက် ၃၆ မိုင်ခန့်အကွာရှိ မလွှဲတောင် ပူးပေါင်း စစ်ဆေးရေးဂိတ်၌ တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ စစ်ဆေးမှုများ ဆောင်ရွက်စဉ် မတ် ၁၈ ရက် ညနေ ၃ နာရီခန့်တွင် ဦးတင်မိုးလွင် (ဘ) ဦးသာဒွေး မောင်းနှင်လာသည့် SUBARU LEGACY အမျိုးအစား မော်တော်ယာဉ် အား ရပ်တန့်စစ်ဆေးရာ ယာဉ်အတွင်းမှ တရားမဝင် ကျောက်စိမ်းဖြတ်စ ၂၇ ခု၊ ကျောက်စိမ်းအရုပ် မျိုးစုံ ရှစ်ခုနှင့် အချောသွေးပြီး ပုံစံစုံ ငါးခုတို့ကို လည်းကောင်း၊ ယာဉ်မောင်းဘေး ထိုင်ခုံလက်ဆွဲအိတ် အတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၃၇ဝ၅ဝ ပြား (ခန့်မှန်း တန်ဖိုးငွေကျပ် သိန်း ၁၈ဝဝ ကျော်) ကို လည်းကောင်း တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။

မူးယစ်ဆေးဝါးများ၊ တရားမဝင် ကျောက်စိမ်းတုံးများ နှင့်အတူ ဖမ်းဆီးရမိ သူအား ကလိန်အောင် မြို့မရဲစခန်း၌ တရားဥပဒေ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ 

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...