Social Icons

Pages

Friday, February 17, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ကာတာနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ကာတာနိုင်ငံသံအမတ်ကြီး H.E.Mr.Hassan Bin Mohamed Rafei Al-Emadi အား လက်ခံတွေ့ဆုံစဉ်။

နေပြည်တော် ၊ ၁၇-၂-၂၀၁၇ 

မိမိနိုင်ငံ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များနှင့် နိုင်ငံအပေါ် လူ့အခွင့်အရေးဆိုင်ရာ စွပ်စွဲပြစ်တင်မှုများ သည် ၂ဝ၁၁ ခုနှစ် နောက်ပိုင်းတွင် ရင်ဆိုင်နေရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများဖြစ်ပြီး ယင်းတို့ကို အောင်မြင်စွာ ဖြေရှင်းကျော်လွှား နိုင်ရန် တပ်မတော် အနေဖြင့် နိုင်ငံတော်အစိုးရ နှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မြန်မာနိုင်ငံဆိုင်ရာ ကာတာနိုင်ငံ သံအမတ်ကြီး H.E.Mr.Hassan Bin Mohamed Rafei Al-Emadi အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံစဉ် ထည့်သွင်း ပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီး များတက်ရောက်ကြ ပြီး မြန်မာနိုင်ငံဆိုင်ရာ ကာတာနိုင်ငံ သံအမတ်ကြီးနှင့် အတူ နိုင်ငံရေး အရာရ Mr.Nazar Fadol တို့တက်ရောက် ကြသည်။ 

ယင်းသို့တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က နှစ်နိုင်ငံအနေဖြင့် မိတ်ဆွေနိုင်ငံ များဖြစ်ပြီး ၂ဝ၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကာတာနိုင်ငံ၏ သံရုံး စတင်ဖွင့်လှစ်၍ သံအမတ်ကြီး တာဝန် ထမ်းဆောင် မှုအတွက် ဝမ်းမြောက် ကြိုဆိုကြောင်း နှုတ်ခွန်း ဆက်စကား ပြောကြား၍ မိမိနိုင်ငံ ၏ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကိစ္စရပ်များတွင် တပ်မတော် အနေဖြင့်ရိုးသားစွာ လိုလိုလားလား ကြိုးပမ်းဆောင်ရွက် နေမှု အခြေအနေများ၊ တစ်ဖက် အဖွဲ့အစည်း များအနေဖြင့် အမှန်တကယ် ငြိမ်းချမ်းရေး ရယူလိုစိတ်နှင့် ယုံကြည်မှုရှိရန် လိုအပ်သည့် အခြေအနေများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုရှိ ကြောင်း စွပ်စွဲမှု များနှင့်ပတ်သက်၍ မြန်မာပြည် မြောက်ပိုင်းတွင် ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ရိုးရိုးသားသား တိုက်ပွဲရှောင် ပြည်သူများအတွက် တပ်မတော်က အစွမ်းကုန်ကူ ညီပေးမှု၊ လူသားချင်းစာနာ ထောက်ထားမှု နှင့်ပတ်သက်ပြီး တပ်မတော်၏ Code of Conduct တွင်လည်း ပြဋ္ဌာန်း ထားပြီးဖြစ်၍ တိကျစွာ လိုက်နာဆောင်ရွက် နေမှုအခြေအနေ များနှင့် လူ့အခွင့်အရေး ချိုးဖောက် မှုများရှိပါက လည်း ဖြေရှင်းရန် အဆင်သင့်ရှိ ကြောင်းတို့အား ရှင်းလင်း ပြောကြားသည်။ 

ဆက်လက်ပြီး ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ အဓိကကျသည့် စာရင်းဇယားများ မှန်ကန်စွာ မှတ်ပုံတင်ရန် လိုအပ်မှု၊ စိစစ်မှတ် ပုံတင်ပြီးသူများကို ဥပဒေနှင့်အညီ ရသင့်သည့် အခွင့်အရေးများ ရရှိအောင် လုပ်ဆောင်ပေးရန် လိုအပ်မှု အခြေအနေများ၊ ယင်းဒေသတွင် တပ်မတော် အနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုမရှိ ကြောင်းနှင့် ချိုးဖောက်မှု တစ်စုံတစ်ရာ ရှိပါကလည်း တစ်ဦးတစ်ယောက် ချင်း၏ မှားယွင်းမှု သာဖြစ်ပြီး ဥပဒေနှင့်အညီ အရေးယူ မည်ဖြစ် ကြောင်း၊ နိုင်ငံတည်ငြိမ် အေးချမ်းမှု အတွက် ဝိုင်းဝန်းကြိုးပမ်း လုပ်ဆောင်နေချိန်တွင် တပ်မတော် အနေဖြင့် နိုင်ငံမတည်မငြိမ် ဖြစ်စေမည့် ကိစ္စရပ်များကို မလိုလားကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် ဧည့်သည်တော် သံအမတ်ကြီးက မြန်မာနိုင်ငံ သို့ရောက်ရှိ တာဝန်ထမ်းဆောင် ချိန်ကာလအတွင်း မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နှင့်ပတ်သက်၍ အခက်အခဲ ရှိမှုများ၊ လူ့အခွင့်အရေး အကြောင်းပြ၍ အစိုးရအပေါ် ဖိအားပေးနေ မှုများနှင့် ပတ်သက်၍ ကြားသိရကြောင်း၊ မကြာသေးမီက မလေးရှား နိုင်ငံတွင် ပြုလုပ်ခဲ့သည့် OIC အစည်းအဝေး တွင်လည်း ယင်းကိစ္စနှင့် ပတ်သက်၍ ဖိအား ပေးသည့်အပေါ် နည်းမှန်လမ်းမှန်ဖြင့် ဖြေရှင်းရန် အချိန်ပေးဆောင် ရွက်သင့်သည်ဟု ဆွေးနွေးခဲ့ကြောင်း၊ မြန်မာနိုင်ငံ အရေးကိစ္စ များတည် ငြိမ်အေးချမ်း စေရန် မျှော်လင့်ကြောင်း၊ ငြိမ်းချမ်းရေး ဆိုင်ရာ ကိစ္စရပ်များ တွင်လည်း လိုအပ်သည်  များကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ပြန်လည် ပြောကြားပြီး ငြိမ်းချမ်းရေး ဖော်ဆောင် မှုကိစ္စရပ်များအပေါ် နိုင်ငံတကာ ငြိမ်းချမ်းရေး ဖြစ်စဉ်များနှင့် နှိုင်းယှဉ်သုံးသပ်၍ ရင်းနှီးပွင့် လင်းစွာအမြင် ချင်းဖလှယ်ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...