Social Icons

Pages

Tuesday, February 21, 2017

မြန်မာ့တပ်မတော် ဘော်လီဘောအသင်း နှင့် ချစ်ကြည်ရေးယှဉ်ပြိုင်ကစားမည့် အိန္ဒိယတပ်မတော် ဘော်လီဘောအသင်း ရောက်ရှိ


မြန်မာ့တပ်မတော် ဘော်လီဘောအသင်း နှင့် ချစ်ကြည်ရေးယှဉ်ပြိုင်ကစားမည့် 
အိန္ဒိယတပ်မတော် Lt.Col. S Ganesh ဦးဆောင်သော အဖွဲ့ဝင်များအား 
ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများက နေပြည်တော် 
အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်စဉ်

နေပြည်တော် ၊ ၂၁-၂-၂၀၁၇

မြန်မာ့တပ်မတော် နှင့် အိန္ဒိယတပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက် ခိုင်မာစေရန် ရည်ရွယ်ချက်ဖြင့် မြန်မာ့တပ်မတော် ဘော်လီဘော အသင်းနှင့် ချစ်ကြည်ရေး ယှဉ်ပြိုင် ကစားမည့် အိန္ဒိယတပ်မတော် မှ Lt.Col. S Ganesh ဦးဆောင်သော အဖွဲ့ဝင် ၁၄ ဦးပါသည့် ဘော်လီဘော အသင်းသည် ယမန်နေ့ နေ့လယ်ပိုင်းတွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှတစ်ဆင့် နေပြည်တော် အပြည်ပြည် ဆိုင်ရာလေဆိပ် သို့ရောက်ရှိ လာရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများနှင့် နေပြည်တော်တိုင်း စစ်ဌာနချုပ်မှ တပ်မတော် အရာရှိကြီး များက ကြိုဆိုနှုတ်ဆက် ကြသည်။

အဆိုပါ အားကစား အသင်းသည် ဖေဖော်ဝါရီ ၂ဝ ရက်မှ ၂၅ ရက်အထိ ချစ်ကြည်ရေး ခရီးစဉ်အတွင်း နေပြည်တော်၊ ဇေယျာသီရိ အားကစားရုံ၌ မြန်မာ့တပ်မတော် ဘော်လီဘော အသင်းနှင့် ချစ်ကြည်ရေး ဘော်လီဘော ပြိုင်ပွဲယှဉ်ပြိုင် ကစားသွားမည် ဖြစ်ပြီး နေပြည်တော်ရှိ အထင်ကရ နေရာများ သို့လည်း သွားရောက်လေ့လာ လည်ပတ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

#Themyawadydaily


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...