Social Icons

Pages

Tuesday, February 21, 2017

တပ်မတော်နယ်လှည့်အထူးကု ဆေးအဖွဲ့ ဒိုက်ဦးမြို့၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်


တပ်မတော်နယ်လှည့်အထူးကု ဆေးအဖွဲ့က ဒေသခံပြည်သူများအား 
ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးစဉ်

တပ်မတော်နယ်လှည့်အထူးကု ဆေးအဖွဲ့က ရွေ့လျားခွဲစိတ်ကုသယာဉ်ဖြင့် ဒေသခံပြည်သူများအား 
ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးစဉ်

နေပြည်တော် ၊ ၂၁-၂-၂၀၁၇

ပဲခူးတိုင်းဒေသကြီး၊ ဖြူး၊ ကျောက်တံခါး၊ ညောင်လေးပင်၊ ဒိုက်ဦးနှင့် ပျဉ်ပုံကြီးမြို့နယ် များအတွင်းရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ မိသားစုဝင် များနှင့် ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသော တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှ အခြေပြု ဆေးအဖွဲ့သည် ယမန်နေ့တွင် ဒိုက်ဦးမြို့ရှိ နယ်မြေခံတပ်ရင်း၌ အခြေပြု၍ လည်းကောင်း၊ နယ်လှည့်ဆေး အဖွဲ့သည် ဒိုက်ဦးမြို့၊ ကောလိယ ခန်းမ၌လည်းကောင်း ဒေသခံပြည်သူ စုစုပေါင်း ၁၇ဝ၄ ဦးကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၆၃၈ ဦး၊ ခွဲစိတ်ရောဂါ ၁၂၅ ဦး၊ ကလေးရောဂါ ၇၃ ဦး၊ သားဖွား/မီးယပ် ရောဂါ ၉၃ ဦး၊ အရိုးရောဂါ ၂၆၄ ဦး၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ ၁၃၇ ဦး၊ မျက်စိရောဂါ ၂၂၅ ဦး၊ သွားရောဂါ ၆၆ ဦးနှင့် အထွေထွေရောဂါ ၈၃ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး မျက်စိ ခွဲစိတ်လူနာ ရှစ်ဦး၊ သွားရောဂါလူနာ ၆၆ ဦး နှင့် အထွေထွေခွဲစိတ် လူနာ ခြောက်ဦးတို့ကို ရွေ့လျားခွဲစိတ် ကုသယာဉ်များဖြင့် ခွဲစိတ် ကုသမှုများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၁၂၂ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၇ ဦးနှင့် ဓာတ်ခွဲစမ်းသပ် လူနာ ၆ဝ ဦးတို့ကို ရွေ့လျားဓာတ်မှန် ရိုက်ယာဉ်၊ ရွေ့လျားဓာတ်ခွဲယာဉ် တို့ဖြင့် ရောဂါရှာဖွေခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သောလူနာ ၁၂ ဦးအား နေပြည်တော်၊ ရန်ကုန်မြို့နှင့် တောင်ငူမြို့တို့ရှိ တပ်မတော် ဆေးရုံများသို့ တက်ရောက်ကုသ နိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

#Themyawadydaily


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...