Social Icons

Pages

Friday, February 17, 2017

(၁၂)ကြိမ်မြောက် မြန်မာ-လာအို ဗဟိုအဆင့် နယ်စပ်ဒေသအာဏာပိုင်များ အစည်းအဝေးကျင်းပ


(၁၂)ကြိမ်မြောက် မြန်မာ-လာအို ဗဟိုအဆင့် နယ်စပ်ဒေသအာဏာပိုင်များ အစည်းအဝေးကျင်းပစဉ်

ရန်ကုန် ၊ ၁၇-၂-၂၀၁၇

နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင် နှင့် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဆာလူဇေးကွမ် မာစစ် တို့ ပူးတွဲဥက္ကဋ္ဌ အဖြစ် ကျင်းပသည့် (၁၂)ကြိမ်မြောက် မြန်မာ-လာအို ဗဟိုအဆင့် နယ်စပ်ဒေသ အာဏာပိုင်များ အစည်းအဝေးကို ယမန်နေ့နံနက် ၁ဝနာရီ ၄၅ မိနစ် တွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ် ၌ ကျင်းပသည်။

အစည်းအဝေးတွင် နှစ်နိုင်ငံအကြား ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး၊ အထူးသဖြင့် နယ်စပ်နေ ဒေသခံပြည်သူ များ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူ ဖြစ်စေမည့် နယ်စပ်ဒေသ လုံခြုံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးတို့နှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်ခဲ့ကြပြီး နှစ်နိုင်ငံနယ်စပ် အာဏာပိုင်များ အကြား ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ ကြသည်။

ယင်းနောက် နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးက လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး နှင့်အဖွဲ့အား ဆီဒိုးနားဟိုတယ်၌ နေ့လယ်စာ စားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။

အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို နိုင်ငံခြားရေးဝန်ကြီး ဌာန နိုင်ငံရေးရာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကို နှင့် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ အမျိုးသား နယ်နိမိတ်ကော်မတီရုံး ညွှန်ကြားရေးမှူးချုပ် မစ္စတာ ဖန်ဆာဗန်းကီရိုပရာဆွတ် တို့ကဦးဆောင်၍ ဖေဖော်ဝါရီ ၁၅ ရက်က ဆီဒိုးနားဟိုတယ် ၌ ကျင်းပခဲ့သည်။ ယင်း အစည်းအဝေးသို့ လာအို ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့် အတူ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ခဲ့ ကြသည်။

လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာလူ နှင့်အဖွဲ့သည် (၁၂)ကြိမ်မြောက် မြန်မာ-လာအို ဗဟိုအဆင့် နယ်စပ်ဒေသ အာဏာပိုင်များ အစည်းအဝေး တက်ရောက်ရန် ယမန်နေ့တွင် ရန်ကုန်မြို့သို့ရောက်ရှိသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...