Social Icons

Pages

Thursday, December 29, 2016

တပ်မတော်က သိမ်းပိုက်ရရှိခဲ့ပြီး ဖြစ်သော KIA အကြမ်းဖက် သောင်းကျန်းသူများ၏ ပွိုင့်-၇၆၈ ( KIA အခေါ် လိုင်ဖော် ) စခန်းနှင့် ပတ်ဝန်းကျင် စခန်းငယ်များမှ လက်နက်၊ ခဲယမ်း နှင့် မူးယစ်ဆေးဝါး အမြောက်အမြား သိမ်းဆည်းရမိ


KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့၏ ပွိုင့်-၇၆၈ ( KIA အခေါ် လိုင်ဖော် ) စခန်းကို သိမ်းပိုက်အပြီး 
တပ်မတော်သားများ အောင်ပွဲခံစဉ်

KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့၏ ပွိုင့်-၇၆၈ ( KIA အခေါ် လိုင်ဖော် ) စခန်းတောင်ကုန်းပေါ်ရှိ 
ဘန်ကာတစ်ခုကို တွေ့ရစဉ်

နေပြည်တော် ၊ ၂၉-၁၂-၂၀၁၆

ဒီဇင်ဘာ ၂၇ ရက်တွင် တပ်မတော် စစ်ကြောင်းများက KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့၏ ပွိုင့်-၇၆၈ ( KIA အခေါ် လိုင်ဖော် ) စခန်းနှင့် ပတ်ဝန်းကျင် စခန်းငယ်များအား သိမ်းပိုက်ရရှိခဲ့ပြီး ယမန်နေ့ နံနက်ပိုင်းတွင် အသေးစိတ် ရှင်းလင်းခဲ့ရာ သေဆုံးနေသော ရန်သူ အလောင်းများ နှင့်အတူ ၆၀ မမ စိန်ပြောင်း ၂ လက် အပါအ၀င် လက်နက်မျိုးစုံ ၁၀ လက် ၊ ခဲယမ်း အမြောက်အမြား နှင့် WY စာတန်းပါ စိတ်ကြွ မူးယစ်ဆေးဝါး ၁၀၀၀၀ ပြားတို့ သိမ်းဆည်း ရမိခဲ့သည်။

တပ်မတော် စစ်ကြောင်းများမှ အရာရှိ၊ စစ်သည် အနည်းငယ်သာ ထိခိုက်ဒဏ်ရာ ရရှိမှုရှိခဲ့ပြီး ဒဏ်ရာရသူ များသည်လည်း သက်ဆိုင်ရာ တပ်မတော်ဆေးရုံ များသို့ ရောက်ရှိ ကုသခံယူလျက် ရှိကြောင်း သိရှိရသည်။

ဒီဇင်ဘာ ၂၁ ရက်တွင် တပ်မတော် စစ်ကြောင်းများက သွေးတိုးစမ်း တိုက်ခိုက်ခဲ့စဉ် အရာရှိ၊ စစ်သည်တချို့ ထိခိုက်ကျဆုံးမှု ရှိခဲ့ကာ လက်နက် ခုနစ်လက် ဆုံးရှုံးခဲ့ ရကြောင်းနှင့် တပ်မတော် စစ်ကြောင်းများက အသေးစိတ် နယ်မြေ ရှင်းလင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...