Social Icons

Pages

Monday, December 12, 2016

eco-Tourism ဖော်ထုတ်ရာ၌ မပါဝင်သော ကျွန်းများကို ကမ္ဘာ့အမွေအနှစ် စာရင်းတွင် ထည့်သွင်းနိုင်ရန် စီစဉ်



မြိတ် ၊ ၁၂-၁၂-၂၀၁၆

မြိတ်ကျွန်းစု ဒေသကို ခရီးသွားများ ဆွဲဆောင်ရာဒေသ အဖြစ် eco-Tourism ဖော်ဆောင်ရာတွင် ကျွန်းတချို့ကိုသာ အကောင်အထည် ဖော်ပြီး ကျန်ရှိသည့် ကျွန်းများကို ကမ္ဘာ့ အမွေအနှစ် စာရင်းတွင် ထည့်သွင်း ထိန်းသိမ်း နိုင်ရန် စီစဉ်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

မြိတ်ကျွန်းစုဒေသ ၌ ကျွန်းပေါင်း ၈ဝဝ ခန့်ရှိသည့်အနက် ကျွန်းတချို့ကိုသာ နိုင်ငံခြား ခရီးသွားဧည့်သည်များ လည်ပတ်ခွင့် ရရှိ သေးသည့်အတွက် ကျန်ရှိသော ကျွန်းများကို ကမ္ဘာ့ အမွေအနှစ်စာရင်း ထိန်းသိမ်းနိုင် စေရေးအတွက် လုပ်ဆောင်သွားမည် ဖြစ်သည်။

သို့ဖြစ်ရာ ကျွန်းအားလုံးကို ခရီးသွားများ လေ့လာလည်ပတ် ရာ၌ အသုံးချ၍ ရရှိနိုင်မည် မဟုတ်သဖြင့် ကျန်သည့် ကျွန်းများကို ယူနက်စကို၏ အစီအစဉ်ဖြင့် ကမ္ဘာ့အမွေအနှစ် စာရင်း၌ ထည့်သွင်း ထိန်းသိမ်းထား နိုင်မည့် အစီအစဉ်များကို ဆွေးနွေးတင်ပြ လုပ်ဆောင်သွားမည် ဖြစ်သည်။

မြိတ်ကျွန်းစုဒေသ သည် သဘာဝအတိုင်း မပျက်စီးသေးသည့် ခရီးစဉ်ဒေသများ အနက် တစ်ခုအပါအဝင် ဖြစ်၍ ပြည်တွင်းပြည်ပ ခရီးသွားများ၏ အထူးစိတ်ဝင်စားမှု မြင့်တက်လာသော ဒေသတစ်ခု ဖြစ်လာကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...