Social Icons

Pages

Sunday, December 11, 2016

မသင်္ကာဖွယ်ရာ ဆိုင်ကယ်တစ်စီး မောင်းနှင်ထွက်ပြေးသဖြင့် ခြောက်လှန့်ပစ်ခတ်



နေပြည်တော် ၊ ၁၁-၁၂-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ လားရှိုး မြို့နယ်အတွင်း တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်စဉ် ဒီဇင်ဘာ ၉ ရက် ည ၁ဝ နာရီ ၅ မိနစ်ခန့် တွင် အီနိုင်းကျေးရွာ အဝင်၌ နမ္မတူမြို့ဘက်မှ လားရှိုးမြို့ ဘက်သို့ မောင်းနှင်လာသည့် KENBO အမျိုးအစား မသင်္ကာဖွယ်ရာ ဆိုင်ကယ်တစ်စီးအား စစ်ဆေးရန် တားဆီးစဉ် ရပ်တန့်ခြင်း မရှိဘဲ အတင်းမောင်းနှင် ထွက်ပြေးသဖြင့် လက်နက်ငယ်ဖြင့် ခြောက်လှန့် ပစ်ခတ်တားဆီး ခဲ့ရာ ဆိုင်ကယ် မောင်းနှင် လာသည့် အမျိုးသားမှာ လက်နက်ငယ်ထိမှန် ဒဏ်ရာဖြင့် သေဆုံးခဲ့သည်။

အဆိုပါ ဆိုင်ကယ်အား ရှာဖွေရာ ဆိုင်ကယ် တူးဘောက်အတွင်းမှ ကြိုးဆွဲ လက်ပစ်ဗုံး တစ်လုံးကို ရှာဖွေတွေ့ရှိ ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...