Social Icons

Pages

Thursday, December 15, 2016

မောင်တောဒေသတွင် လက်လုပ်မိုင်းများ တွေ့ရှိ



နေပြည်တော် ၊ ၁၅-၁၂-၂၀၁၆

လုံခြုံရေး တပ်ဖွဲ့ဝင် များသည် ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် မောင်တောမြို့နယ် မယင်းတောင် နှင့် မျောတောင် အကြား နယ်မြေ ရှင်းလင်းစဉ် မြေကြီးအတွင်း မြှုပ်ထားသော အသက်သွင်းပြီး ကားပင်စတင်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း လေးလုံး၊ 3K 70 AHC ဘက်ထရီတစ်လုံး နှင့် ဆေးမျိုးစုံ ထည့်ထားသည့် ဆာလာအိတ် တစ်ထုပ်တို့အား ဖော်ထုတ်သိမ်းဆည်း ရမိခဲ့သည်။

အလားတူ မောင်တောမြို့နယ် ကြက်ရိုးပြင် ကျေးရွာအနီး ပတ်ဝန်းကျင် ချုံအတွင်း ဝှက်ထားသော မိုင်းပြုလုပ်ရာတွင် အသုံးပြုမည့် ကားပင်စတင် ၁ဝ လုံး၊ ကားပင်စတင် ဖြင့်ပြုလုပ် ထားသည့် အသက်သွင်းပြီး မိုင်းနှစ်လုံးနှင့် ပတ်တီးလိပ် ၁၃ ထုပ်တို့အား ဖော်ထုတ်သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...