Social Icons

Pages

Monday, December 5, 2016

ပင်လယ်ရေအောက်တွင် ၀တ်မှုန်ကူးနိုင်ရန် ပြုလုပ်ပေးသော ရေအောက်မြက်များ၏ လုပ်ဆောင်ချက်ကို မှတ်တမ်းတင်နိုင်ခဲ့



ဝါရှင်တန် ၊ ၅-၁၂-၂၀၁၆

ကမ္ဘာမြေပြင်ပေါ် တွင် ပျားများက ဝတ်မှုန်ကူးပေး သကဲ့သို့ ပင်လယ် သမုဒ္ဒရာရေ အောက်တွင်လည်း အပင်များ တစ်ပင်မှ တစ်ပင်သို့ ဝတ်မှုန်ကူး နိုင်ရန် ပြုလုပ်ပေးသော ရေအောက်မြက် များနှင့် ၄င်း ရေအောက်မြက် များ၏ လုပ်ဆောင်ချက် များကို ပထမဆုံး အကြိမ်တွေ့ရှိ မှတ်တမ်းတင် နိုင်ခဲ့ပြီဖြစ်ကြောင်း အမေရိကန် နိုင်ငံ မက္ကဆီကို ပြည်နယ်ရှိ National Autonomous University မှ သုတေသီများက ထုတ်ပြန် ကြေညာသည်။

''ကုန်းမြေပေါ်က အပင်တွေ တစ်နေရာကနေ တစ်နေရာကို ပျံ့နှံ့ရောက်ရှိ ပေါက်ပွားနိုင်ဖို့ ဝတ်မှုန် ကူးပေးတဲ့ ပျားတွေလို ပါတယ်။ ဒါမှမဟုတ် ကျေးငှက် သာရကာ တွေက အသီးတွေကို တစ်နေရာ ကနေ တစ်နေရာ သယ်ဆောင် သွားပြီး အစေ့တွေကို လွှတ်ချရာကနေ အပင်တွေ ပျံ့နှံ့နိုင်ပါတယ်။ ရေထဲမှာတော့ ဒီလိုဖြစ်စဉ်တွေ မရှိနိုင်တဲ့ အတွက် ရေအောက်အပင်တွေ ပျံ့နှံ့ဖို့ဆိုတာ ရေတစ်ခုတည်း ကြောင့်ပဲလို့ ကျွန်တော်တို့ မူလက ယူဆခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာ ရေအောက်က မြက်တွေက ဝတ်မှုန်ကူး ပေးတယ် ဆိုတာကို အခုမှတွေ့ရှိ ခဲ့ပါတယ်'' ဟု သုတေသီ တစ်ဦးက ပြောပြသည်။

သုတေသီများသည် ၂ဝဝ၉ ခုနှစ်မှ ၂ဝ၁၂ ခုနှစ်အတွင်း ပင်လယ်ရေအောက် Thalassia Testudinum မြက်ပင်များကြား ပုစွန်နှင့် အခြားရေအောက် သတ္တဝါ အသေးအမွှားများ ညပိုင်း လှုပ်ရှားပုံကို ဗီဒီယိုရိုက်ကူးကာ စူးစမ်းလေ့လာ ခဲ့ကြောင်း၊ ထိုသို့ လေ့လာခဲ့ရာ အဆိုပါ ရေအောက် သတ္တဝါငယ် များက အဖိုဝတ်မှုန် ပါရှိသော ပန်းများထံသို့ ပို၍သွားရောက် ထိတွေ့သည်ကို တွေ့ ရှိခဲ့ကြောင်း၊ ၄င်းမှာ ကုန်းမြေပေါ်တွင် ပျားများက ဝတ်မှုန်ရှိသော အပင်များထံ ပို၍ ချဉ်းကပ်ပျံဝဲ သည်နှင့် အလား တူညီကြောင်း ၄င်းက ဆက်လက်ပြောပြ ၍ သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...