Social Icons

Pages

Monday, December 5, 2016

ဧရာဝတီမြစ်အတွင်း သောင်ဖြစ်ထွန်းမှု မြင့်မားလာ၍ ရေကြောင့် ပိတ်ဆို့မှု ဖြစ်ပေါ်ကာ မကွေး ၊ မင်းဘူး ဒေသတွင် သင်္ဘောများသွားလာရေး အခက်အခဲများဖြစ်နေ



မကွေး ၊ ၅-၁၂-၂၀၁၆

ဧရာဝတီမြစ်အတွင်း သဲသောင် ဖြစ်ထွန်းမှု မြင့်မား လာမှုကြောင့် မြစ်အတွင်း ရေကြောင်းများ ပိတ်ဆို့မှု ဖြစ်ပေါ်ကာ မကွေး၊ မင်းဘူးဒေသတွင် သင်္ဘောများ သွားလာရေး အခက်အခဲများ ဖြစ်နေကြောင်း သင်္ဘောမောင်းသူ များထံမှ သိရသည်။

ယခုနှစ်အတွင်း ဧရာဝတီမြစ် ရေကြီးမှု နှစ်ကြိမ်နှင့် မိုးရွာသွန်းမှု မြင့်မားခဲ့မှုကြောင့် ဧရာဝတီမြစ် အတွင်း နုန်းမြေများ စီးဝင်မှုမြင့်မား ခဲ့ပြီး ယခုကဲ့သို့ ပွင့်လင်းရာသီ ကာလတွင် သဲသောင်များ ပေါ်ထွန်းခဲ့မှုမှာ ယခင်နှစ်များနှင့် မတူဘဲ ပိုမို ပေါ်ထွန်းခဲ့ မှုကြောင့် မြစ်အတွင်း ရေကြောင်း ပိတ်ဆို့မှုများ ဖြစ်နေကြောင်း သိရသည်။

''ကျွန်တော် ဧရာဝတီ မြစ်ကြောင်းမှာ သွားလာနေတာ ၁ဝ နှစ်ကျော်ပါပြီ။ ဒီနှစ် သဲသောင် ဖြစ်ထွန်းမှု မြင့်မားနေပြီး မကွေးဘက် က မြစ်ကြောင်းဆို ဘယ်သင်္ဘောမှ သွားလာလို့ မရတော့ပါဘူး။ ဒီနှစ်မှာ မြစ်ကြောင်းက စောစောပိတ်ဆို့ နေတော့ မြစ်အတွင်း သွားလာနေတဲ့ သင်္ဘောတွေ မင်းဘူး မြစ်ကြောင်း ကနေ တစ်ကွေ့ပတ်ပြီး သွားနေ ရပါတယ်'' ဟု ရေနံမုတ္တမ သင်္ဘောမှ ဦးမောင်တာ က ပြောပြသည်။

ယခုနှစ် သဲသောင်ဖြစ်ထွန်းမှု မြင့်မားနေသည့် အတွက် နွေဥတု ကာလ မတ်၊ ဧပြီ၊ မေလတို့တွင် ဧရာဝတီမြစ်ကြောင်း သောင်ဖြစ် ထွန်းမှုများ ပိုမိုဖြစ်ပေါ် လာနိုင်ကြောင်း၊ မြစ်ကြောင်းမှ ကုန်စည်ပို့ဆောင် သယ်ယူမှုများ ရပ်တန့် သွားစေနိုင်ကြောင်း၊ အဆိုပါကိစ္စ ကို မြစ်ကြောင်း ထိန်းသိမ်းရေးဌာန အနေဖြင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်သင့်ကြောင်း ၄င်းက ပြောပြသည်။

ယခုနှစ်တွင် ဧရာဝတီမြစ် အတွင်း အပျော်စီး သင်္ဘောကြီး များဖြင့် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားများ မြစ်ကြောင်း တစ်လျှောက် လေ့လာရေး ခရီးစဉ် ရပ်တန့် စေနိုင်ကြောင်း နှင့် စရိတ် သက်သာသော ရေကြောင်း ကုန်သွယ်ရေးကို ထိခိုက်စေကာ မြစ်ရိုးကမ်းနား တစ်လျှောက်ရှိ မြို့၊ရွာများ ရေအခက်အခဲ ကြုံတွေ့စေနိုင် ကြောင်း ဧရာဝတီ မြစ်ကြောင်း လေ့လာသုံးသပ်သူ များထံမှ သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁၀)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...