Social Icons

Pages

Friday, December 9, 2016

မုံးကိုးမြို့အတွင်း နှင့် အနီးဝန်းကျင်တစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေးများ ဆောင်ရွက်စဉ် လက်နက် ၊ ခဲယမ်းများ တွေ့ရှိသိမ်းဆည်း


သိမ်းဆည်းရမိလက်နက် ၊ ခဲယမ်းများကို တွေ့ရစဉ်



နေပြည်တော် ၊ ၉-၁၂-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက် ဒေသ၊ မုံးကိုးမြို့သို့ တပ်မတော်စစ်ကူ စစ်ကြောင်းများ ရောက်ရှိပြီးနောက် မြို့လုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှု ရှိစေရန်၊ အများပြည်သူများ အေးချမ်းစွာ ပြန်လည်နေထိုင် နိုင်ရေး နယ်မြေရှင်းလင်း ရေးများ ဆောင်ရွက်လျက် ရှိရာ ဒီဇင်ဘာ ၇ ရက် ညပိုင်းတွင် မုံးကိုးမြို့ ရဲစခန်းအတွင်းမှ အမ် ၂၂ သေနတ် ရှစ်လက်၊ ၄င်းကျည်အိမ် တစ်ခု၊ ခြောက်လုံးပြူး လေးလက်၊ ၄င်းကျည် ၂ဝဝ တောင့်၊ အမ် ၂၃ ကျည်အိမ် အဝိုင်း ကိုးခုနှင့် ကျည်ခါးပတ် တစ်တွဲတို့ကို တွေ့ရှိ သိမ်းဆည်းရမိ ခဲ့သည်။

အလားတူ ယမန်နေ့တွင်လည်း တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းရေးများ ဆက်လက် ဆောင်ရွက်လျက် ရှိရာ မုံးကိုးမြို့အတွင်းမှ ၆ဝ မမ စိန်ပြောင်း တစ်လက်၊ ၄င်းလက်နက် နှစ်ချောင်းထောက် အောက်ခံခုံပါ တစ်စုံနှင့် ချိန်ဆိုဒ်တစ်ခု၊ ၄င်းဗုံးသီး ခုနစ်လုံး၊ ပစ္စတို နှစ်လက်၊ ၄င်းကျည် ၃၇ တောင့်၊ အမ် ၂၂ သေနတ် နှစ်လက်၊ ကာဘိုင်သေနတ် တစ်လက်၊ ရိုင်ဖယ်သေနတ် တစ်လက်၊ လုပ်သေနတ် တစ်လက်၊ အမ် ၂၂ ကျည်အိမ် ကိုးခု၊ အမ် ၂၂ ကျည် ၉၄ဝ တောင့်၊ လက်ပစ်ဗုံး ၁၃ လုံး၊ အမ် ၁၆ ကျည် ၃၈ဝ တောင့်၊ စနိုက်ပါမှန်ပြောင်း တစ်ခုနှင့် လမ်းလျှောက် စကားပြောစက် သုံးလုံးတို့ကို တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

တပ်မတော် စစ်ကြောင်းများ အနေဖြင့် မုံးကိုးမြို့အတွင်းနှင့် အနီးပတ်ဝန်းကျင် တစ်ဝိုက်အား နေ့ညမပြတ် နယ်မြေ ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...