Social Icons

Pages

Tuesday, November 29, 2016

သွင်းကုန်ပစ္စည်းများကို အရည်အသွေးစစ်ဆေးရန် ကုန်သွယ်ဖက်နိုင်ငံများ၏ ဆိပ်ကမ်းများ၌ စစ်ဆေးရေးအဖွဲ့များ ထားနိုင်ရေးစီစဉ်



ရန်ကုန် ၊ ၂၉-၁၁-၂၀၁၆

မြန်မာနိုင်ငံသို့ တင်သွင်းသည့် ကုန်ပစ္စည်းများကို အရည်အသွေး စစ်ဆေးရန် ကုန်သွယ်ဖက် နိုင်ငံများ၏ ဆိပ်ကမ်းများ၌ စစ်ဆေးရေး အဖွဲ့များ Inspection Team ကို လာမည့်နှစ်အတွင်း စတင်ထားရှိရန် စီစဉ်နေကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ အစီအစဉ်ကို ယခင်က ၂ဝ၁၆ ခုနှစ်တွင် စတင်နိုင်ရန် ရည်ရွယ်ထား သော်လည်း တစ်ဖက်နိုင်ငံ များနှင့် ညှိနှိုင်း နေရသဖြင့် ၂ဝ၁၇ ခုနှစ်မှသာ စတင်နိုင်မည် ဖြစ်သည်။ ပြည်ပမှတင်သွင်း လာသော ကုန်ပစ္စည်း များကို  တင်သွင်းခွင့် ပါမစ်ပါ အချက်အလက် အတိုင်း ကိုက်ညီမှု ရှိ၊ မရှိကို ပြည်ပ ကုန်သွယ်ဖက် နိုင်ငံများမှ စစ်ဆေးရေး အဖွဲ့များဖြင့် စစ်ဆေးမည် ဖြစ်ကာ ယာဉ်တင်သွင်းမှု အပိုင်းကို ဦးစွာ ဆောင်ရွက်မည် ဖြစ်သည်။

ထိုသို့ ပြည်ပဆိပ်ကမ်း များ၌ တင်သွင်းကုန်များ စစ်ဆေးခြင်းမှာ ပြည်တွင်းမှ တချို့သော ကုန်စည် တင်သွင်းသူ များသည် တင်သွင်းခွင့် ပါမစ်ပါ ကုန်စည်များကို ဆိပ်ကမ်းအတွင်း ပြုပြင်ပြီးမှသာ ကုန်စည် ပို့ဆောင်ခြင်းများ ပြုလုပ်နေခြင်း ကြောင့် ဖြစ်ကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ (၄၄၇+သီရိ)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...