Social Icons

Pages

Sunday, October 2, 2016

TNLA အဖွဲ့ဝင်နှစ်ဦးအား ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ



နေပြည်တော် ၊ ၂-၁၀-၂၀၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင် မြို့နယ်အတွင်း တပ်မတော် စစ်ကြောင်းက နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် စက်တင်ဘာ ၃ဝ ရက် နံနက် ၁၁ နာရီခန့်တွင် ကွတ်ခိုင်မြို့၊ အနောက် တောင်ဘက် ၈ မိုင်ခန့်အကွာ တောစပ်ချုံပုတ် အတွင်း မသင်္ကာဖွယ်ရာ လူနှစ်ဦးအား တွေ့ရှိသဖြင့် ဖမ်းဆီး စစ်ဆေးခဲ့သည်။

အဆိုပါ မသင်္ကာဖွယ်ရာ လူနှစ်ဦးမှာ TNLA အဖွဲ့မှ ညီကျန် (ဘ) ဦးအိုက်ပေ့၊ အသက် ၃ဝ နှစ် ပန်လော့ကျေးရွာ နေသူနှင့် အိုက်နွေ (ဘ) ဦးအိုင်အိုင်၊ အသက် ၁၆ နှစ် ဟိုးဆောင်ကျေးရွာ နေသူတို့ ဖြစ်ကြောင်း စစ်ဆေးတွေ့ ရှိရပြီး ၄င်းတို့နှင့်အတူ ဒေသန္တရ လက်လုပ်မိုင်း နှစ်လုံး၊ လျှပ်စစ်စနက်တံ သုံးခု၊ ဘက်ထရီ တစ်လုံး၊ အဝေးထိန်းစနစ်သုံး ရီမုတစ်ခုနှင့် ဆားကစ်အုံ နှစ်ခုတို့အား သိမ်းဆည်းရမိ ခဲ့သည်။

ဖမ်းဆီးရမိသူ နှစ်ဦးအနက် အိုက်နွေ (ဘ) ဦးအိုင်အိုင် သည် အသက် ၁၃ နှစ်အရွယ်မှ စတင်၍ TNLA အဖွဲ့မှ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်း ခံခဲ့ရခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...