Social Icons

Pages

Thursday, October 20, 2016

မောင်တောဒေသအတွင်း အကြမ်းဖက်စီးနင်းတိုက်ခိုက်ရာတွင် ပါဝင်သူ ၁၁ ဦးနှင့် လက်နက်တစ်လက် ဖမ်းဆီးရမိ





နေပြည်တော် ၊ ၂၀-၁၀-၂၀၁၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အတွင်း အကြမ်းဖက်စီးနင်း တိုက်ခိုက်မှု များကြောင့် တပ်မတော် စစ်ကြောင်းနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ  ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၈ ရက် နံနက် ၉ နာရီခန့်တွင် ငါးခူရ ကျေးရွာအုပ်စု၊ ငါးခူရကျေးရွာ တစ်ဝိုက် နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် ငါးခူရ ရဲစခန်းအား အကြမ်းဖက် စီးနင်း တိုက်ခိုက် ရာတွင် ပါဝင်ခဲ့သည့် မူစတာအာမတ် (ဘ) စော်ကိန်းအာမတ် အား ဖမ်းဆီးရမိ ခဲ့သည်။

ထို့ပြင် ငါးခူရကျေးရွာ အုပ်စု၊ အလယ်ရွာ ၌ အောက်တိုဘာ ၁၈ ရက် ည ၆ နာရီ ၁၅ မိနစ်တွင် အကြမ်းဖက် စီးနင်း တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သူများ ဖြစ်သည့် ဂျီနားခမ်း (ဘ) တော်လီ နူအာလောင်၊ ဆီဒီအာမတ် (ဘ) အာယု၊ ရှားအာလောင် (ဘ) မာမတ်အာလောင်၊ အဏ္ဏဝါ (ဘ) ရုရှား၊ အဏ္ဏဝါ (ဘ) အစ္စလာမ်၊ အဏ္ဏဝါ (ဘ) ဟူဆိန်းအာမတ် ၊ အဏ္ဏဝါ (ဘ) ဖွယ်ယော့အာမတ်၊ ဒီဆုအာလီ(ဘ) မာမွန်ရော်ဖီ၊ အဒုဇော်ကော် (ဘ) အာမောက်အာလီ နှင့် ခင်မောင်ထွန်း (ဘ) ဒီဒါအာမတ် တို့ကို ထပ်မံဖမ်းဆီး ရမိခဲ့သည်။

ဖမ်းဆီးရမိသူ များ၏ ထွက်ဆိုချက်အရ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် ငါးခူရ အလယ်ရွာမှ ထွက်ပြေး တိမ်းရှောင်နေသော ကေဖိုက်တူလာ ၏ နေအိမ်အား ဝင်ရောက် ရှင်းလင်း ရှာဖွေရာ နေအိမ်ခြံဝင်း အတွင်းမှ တစ်လုံးထိုး ခေါက်သေနတ် တစ်လက်နှင့် ၄င်းကျည် ၁၁ တောင့် တို့ကို သိမ်းဆည်းရမိ ခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူ ၁၁ ဦးမှတစ်ဆင့် အကြမ်းဖက် တိုက်ခိုက်သူ များအား ထပ်မံဖမ်းဆီး ရမိရေး အသေးစိတ် မေးမြန်း စစ်ဆေးလျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...