တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှတ်(၁၄) အကြီးစားစက်ရုံတွင် ဘက်စုံသုံး ဒီဇယ်အင်ဂျင် ထုတ်လုပ်မှု အခြေအနေများကို လှည့်လည် ကြည့်ရှုစဉ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှတ်(၁၄) အကြီးစားစက်ရုံတွင် သံရည်သွန်းလောင်းပြီးသော အင်ဂျင်များကို ကြည့်ရှုစဉ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှတ်(၁၄) အကြီးစားစက်ရုံ ၊ Heat Treatment Shop-2 ရှိ Induction Hardening Machine တွင် Hardening Process ပြုလုပ်နေမှုကို ကြည့်ရှုစဉ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှတ်(၁၄) အကြီးစားစက်ရုံ တွင် သံရည်သွန်းပြီးသော အင်ဂျင်ကို ကြည့်ရှုစဉ်
နေပြည်တော် ၊ ၁၉-၁၀-၂၀၁၆
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်ကျော် နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းတွင် ရေတာရှည်မြို့နယ်၊ သာဂရ စက်မှုနယ်မြေရှိ အကြီးစား စက်ရုံများသို့ သွားရောက် ကြည့်ရှုသည်။
ဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သာဂရ စက်မှုနယ်မြေရှိ အမှတ်(၁၄) အကြီးစားစက်ရုံ (သာဂရ)သို့ ရောက်ရှိပြီး စက်ရုံ အစည်းအဝေး ခန်းမ၌ စက်ရုံမှူးများက စက်ရုံလည်ပတ် ကုန်ထုတ်လုပ်မှု အခြေအနေ များအား ရှင်းလင်း တင်ပြသည်။
တင်ပြမှုများ အပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ယခုစက်ရုံ များသည် အကြီးစား စက်ပစ္စည်းများ ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး အတွက် ရည်ရွယ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ လက်ရှိမြန်မာ နိုင်ငံတွင် လူစီး Saloon ယာဉ်များ ထုတ်လုပ်နိုင်ခြင်း မရှိသေး သော်လည်း Light Truck မှ Heavy Duty Truck ယာဉ်များအထိ ထုတ်လုပ်နိုင်သည့် အခြေခံရှိပြီး ဖြစ်ကြောင်း၊ နှစ်စဉ် ပြည်ပမှ လူစီးကားမပါ ယာဉ်မျိုးစုံ သောင်းဂဏန်း အထိ တင်သွင်း နေရကြောင်း၊ တိုင်းပြည်တွင် လိုအပ်သည့် ယာဉ်များကို ထုတ်လုပ် နိုင်ခြင်းဖြင့် နိုင်ငံခြားငွေ သုံးစွဲမှု ကိုလည်း လျှော့ချနိုင်မည် ဖြစ်ကြောင်း၊ ပြည်တွင်းဖြစ် ကိုလည်း အားပေးကြ ရမည် ဖြစ်ကြောင်း၊ လက်ရှိ စက်ရုံများသည် ပြည်ပကုမ္ပဏီ များနှင့် စာချုပ်ချုပ်ဆိုပြီး နည်းပညာ လွှဲပြောင်းရယူ ထုတ်လုပ်ခြင်း ဖြစ်၍ စံချိန်စံညွှန်းမီပြီး အရည်အသွေး ကောင်းမွန်သည်ကို တွေ့ရှိရကြောင်း၊ ကုန်ထုတ်လုပ်မှု စနစ်များ မှန်ကန်စွာ လည်ပတ် နိုင်အောင် ဆက်လက်ကြိုးစား ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ယင်းသို့ ထုတ်လုပ် ရာတွင်လည်း Small Scale, Medium Scale , Large Scale စသည်ဖြင့် အဆင့်ဆင့် လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ နယ်မြေဒေသ ဖွံ့ဖြိုး တိုးတက်မှု အတွက် လျှပ်စစ်ဓာတ်အား မရရှိပါက မည်သို့မှ မဆောင်ရွက် နိုင်သဖြင့် လျှပ်စစ်ဓာတ်အား ရရှိအောင် ဆောင်ရွက်ရန် လိုကြောင်း၊ အသေးစား ရေအားလျှပ်စစ် လုပ်ငန်းများသည် ကျေးရွာမြို့ငယ် များရှိ ရေရရှိမှုအပေါ် မူတည်၍ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုမရှိဘဲ အလွယ်တကူ လျှပ်စစ်ဓာတ်အား ထုတ်လုပ် နိုင်ခြင်းကြောင့် တာဘိုင်နှင့် ဆက်စပ်ပစ္စည်း များအား အရည်အသွေး ကောင်းမွန်စွာ ထုတ်လုပ်နိုင်ရေး ကြိုးပမ်း လုပ်ဆောင်ရန် တို့အား မှာကြားသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အမှတ်(၁၄) အကြီးစားစက်ရုံ (ဘက်စုံသုံး ဒီဇယ်အင်ဂျင် ထုတ်လုပ်မှု)၊ အမှတ်(၁၅) အကြီးစားစက်ရုံ (မြေထိုး၊ မြေတူး၊ သယ်ပို့ဝန်ချီ ယန္တရားများ ထုတ်လုပ်မှု) နှင့် အမှတ်(၂၆) အကြီးစား စက်ရုံ (ဟိုက်ဒရိုတာဘိုင်၊ ဂျင်နရေတာနှင့် ဘွိုင်လာများ ထုတ်လုပ်မှု) များအတွင်းရှိ လုပ်ငန်း လည်ပတ်နေမှု အခြေအနေ များကို လှည့်လည် ကြည့်ရှုကြရာ တာဝန်ရှိ သူများ၏ ရှင်းလင်း တင်ပြမှုအပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သိရှိလိုသည် များအား မေးမြန်း၍ လိုအပ်သည်များ မှာကြားခဲ့သည်။
မြ၀တီနေ့စဉ် ၊ စာ(၃၂)
No comments:
Post a Comment