Social Icons

Pages

Wednesday, October 19, 2016

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ ရောက်ရှိ


ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း 
ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်း နိုင်ငံ ၊
 မော်စကိုမြို့ ၊ Sheremetievo လေဆိပ်သို့ ရောက်ရှိစဉ်

နေပြည်တော် ၊ ၁၉-၁၀-၂၀၁၆

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ရုရှား ဖက်ဒရေးရှင်း နိုင်ငံ ကြည်းတပ် ဦးစီးချုပ် Col. Gen. Oleg Leonidovich Salyukov ၏ ဖိတ်ကြားချက် အရ ရုရှား ဖက်ဒရေးရှင်း နိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွား ရောက်ရန်အတွက် အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့မှ ထွက်ခွာခဲ့ရာ ဒေသ စံတော်ချိန် ညနေ ၃ နာရီ ၃၅ မိနစ်တွင် ရုရှား ဖက်ဒရေးရှင်း နိုင်ငံ၊ မော်စကိုမြို့၊ Sheremetievo လေဆိပ်သို့ ရောက်ရှိကြသည်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား ရုရှား ဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးတင်ယု၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ညွန့်ဆွေ၊ ရုရှား တပ်မတော်မှ Chief of Intelligence of Ground Forces ဖြစ်သူ Maj. Gen. Vladimir.N.Marusin နှင့် အဖွဲ့တို့က လေဆိပ်တွင် ကြိုဆိုခဲ့ ကြကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...